DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၁၂၂ သန်းကျော်ဖိုးဆုံးရှုံး၊ ၇ ဦးသေဆုံး
DVB
·
January 26, 2019
ရခိုင်တွင် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၁၂၂ သန်းကျော်ဖိုးဆုံးရှုံး၊ ၇ ဦးသေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှာ မီးလောင်မှု ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးကာ ကျပ်သန်းပေါင်း ၁၂၂ သန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မီးဖိုမီးက ၄၂ ကြိမ်၊ ပေါ့ဆမီးက၂၆ ကြိမ်၊ အလိုအလျှောက်မီး ၁ ကြိမ်၊ လျှစ်စစ်မီး ၁၅ ကြိမ်၊ ရှို့မီး၂၁ ကြိမ်နဲ့ တောမီး ၁ ကြိမ် မီးလောင်မှုဖြစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်က ဒီဗွီဘီကိုပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ အိမ်အဆောက်အဦ ၃၄၀၊ စက်ရုံအလုပ်ရုံ ၁ ရုံနဲ့ ဂိုဒေါင် ၂ ခု လောင်ကျွမ်းခဲ့ပါတယ်။

အဲ့ဒီမီးလာင်မှုတွေမှာ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇ ဦးနဲ့ လူဦးရေ ၁၈၇၀ မီးဘေးသင့်ခဲ့ပြီး တိရစ္ဆာန် ၂၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက် မီးလောင်မှု အကြိမ်အရေအတွက် များပေမယ့် ဆုံးရှုံးမှုတန်ဖိုးကတော့ လျှာ့ကျသွားတယ်လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်ခဲ့ရင် ချက်ချင်း အရေးပေါ်ဖုန်းနံပါတ် ၁၉၉ ကို အချိန်မီ ဖုန်းဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖို့ များရတဲ့အကြောင်းအရင်းကတော့ ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်မှာရှိတဲ့ ဆီဆိုင်တန်း မီးလောင်မှုမှာ ကျန်သိန်းပေါင်း ၄၉၀၀ ဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးရှိကာ ကျပ်သန်းပေါင်း ၆၂၃ သန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013