DVB Logo
Home
မြန်မာသတင်း
၈ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိပြီ
DVB
·
January 26, 2019
၈ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိပြီ
Donate to DVB

မန္တလေးမှာ ဒုတိယတန်းအရွယ် မိန်းကလေးငယ်ကို ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့သူကို ကျူးလွန်ပြီး တလကျော်အကြာမှာ ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေအချိန်မှာ အိမ်ကနေစက်ဘီးနဲ့ ထွက်သွားတဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မိန်းကလေးငယ်ဟာ အိမ်ကို ပြန်မရောက်လာဘဲ နောက်နေ့မှာမှ ပြင်ဦးလွင်မြို့နယ်မှာ ပြန်တွေ့ခဲ့တာပါ။

အိမ်ကနေ တယောက်တည်း စက်ဘီးစီးထွက်သွားပြီး ပြန်ရောက်မလာလို့ မိသားစုတွေက လိုက်ရှာနေတုန်းမှာ အမျိုးသားတယောက်ရဲ့ ဆိုင်ကယ်နောက်က ပါသွားတာကို သတင်းရလို့ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် အကြောင်းကြားခဲ့ပါတယ်။

ဒီနောက်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး လိုက်လံရှာဖွေတာ၊ စီစီတီဗွီမှတ်တမ်းတွေကိ ကြည့်ရှုရာမှာ မိန်းကလေးငယ်ရဲ့ စက်ဘီးနောက်ကို လူတယောက်က ဆိုင်ကယ်နဲ့ လိုက်နေတာတွေ့ရပြီး မျက်မြင်တယောက်ကို ပြသရာမှာတော့ ကလေးကိုခေါ်ဆောင်သွားသူ ဖြစ်တယ်ဆို သိခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာတော့ မိန်းကလေးငယ်ကို ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရွာနားက ရတနာပုံတက္ကသိုလ်ဝင်းထဲမှာ ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့ပါတယ်။ သူ့မှာ မျက်နှာ၊ လည်ပင်းနဲ့ မိန်းမကိုယ်တို့မှာ ဒဏ်ရာတွေ ရထားပြီး ဆိုင်ကယ်နဲ့ ခေါ်သွားသူက အဓမ္မပြုကျင့်တယ်လို့ ပြောပြခဲ့တာကြောင့် ပြင်စာနယ်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၃၂၅ တို့နဲ့ အမှုဖွင့် စုံစမ်းခဲ့ပါတယ်။

ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကြီးကြပ်မှုနဲ့ အမှုစစ်အဖွဲ့တွေ ဖွဲ့ပြီး လိုက်လံစုံစမ်းခဲ့ရာမှာ ပြစ်မှုကျူးလွန်သူဟာ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်မှာ နေတဲ့ အသက် ၂၉ နှစ်အရွယ် သီဟနိုင် (ခ)အငယ်လေးဖြစ်တာကို သိရပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ပတ်ဝန်းကျင်မှာ ရောက်နေတာကို သတင်းရပြီးနောက် သွားရောက်ဖမ်းဆီးရာမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် ည ၈ နာရီလောက်မှာ ရပ်စောက်မြို့၊ ရပ်တော်မူဘုရားဝန်းနားမှာ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013