DVB Logo
Home
မြန်မာသတင်း
နှစ်ဦးပိုင်းမှာ ပထမဆုံးထွက်ရှိလာသည့် အဆိုတော်ရဲလေးသီချင်းသစ်-Against(ရုပ်သံ)
DVB
·
January 25, 2019
နှစ်ဦးပိုင်းမှာ ပထမဆုံးထွက်ရှိလာသည့် အဆိုတော်ရဲလေးသီချင်းသစ်-Against(ရုပ်သံ)
Donate to DVB

“ငါနင်နဲ့ အနီးဆုံးနေမှာ… ငါနင်နဲ့ အနီးဆုံးနေမှာ… လာနေလည်း မင်းအတွက် နေရာဟာ အသင့်ပဲ”
ဒါကတော့ လတ်တလောထွက်ရှိလာခဲ့တဲ့ Against အမည်ရတဲ့ သီချင်းအမ်တီဗွီ တပုဒ်ထဲက စာသားတွေဖြစ်ပြီး ဒီသီချင်းကိုတော့ ပရိသတ်ကြိုက် တေးသံရှင် ရဲလေးက သီဆိုထားခဲ့တာပါ။
အိမ်၊ တနေ့နေ့ရောက်ခဲ့ရင်၊ မိုးစတဲ့ နာမည်ကြီး သီချင်းတွေနဲ့ ပရိသတ်အားပေး မှုတွေ ရရှိခဲ့တဲ့ ရဲလေးဟာ သီချင်းအယ်လ်ဘမ်တွေ ထွက်မလာခဲ့တာ အချိန်ကာလ အတန်ကြာ ရှိနေခဲ့ပြီဖြစ်ပြီး ဒီသီချင်းကတော့ အခုနှစ်ရဲ့ ပထမဆုံး သီချင်းတပုဒ်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“အဝေးကြီးပဲ သိပါတယ်… မိုးသားနဲ့ မြေပြင်ဘယ်လိုနီးမလဲ… စိတ်ကူးယဉ်မနက် မျိုး… အတူတူသာ ရှိပေးရင်… အရာတိုင်းဟာ အလှဆုံး… တကယ်ပဲ မင်း… မင်း… ပေး နိုင်မလား… သိပ် အသိချင်ဆုံး”
ဒီသီချင်းကိုတော့ အဆိုတော် Yung Hugo က Featuring သီဆိုပေးထားခဲ့တာ ဖြစ်ပြီး အတူတွဲဖက်ရေးစပ်ထားခဲ့တာ ဖြစ်ပါတယ်။ သီချင်းအမ်တီဗွီထဲမှာတော့ သူတို့ ၂ ယောက်နဲ့အတူ မော်ဒယ်လ် Beauty(သက်သက်သင်း)ကလည်း ပါဝင်ထားခဲ့တာပါ။
အဖြူအမည်းပုံစံနဲ့ ဆန်းသစ်တဲ့ ရိုက်ချက်နဲ့ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တော့ YLJK ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ တာ ဖြစ်ပြီး ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
“ကျေးဇူးပြု၍ ပြန်ကြည့်လှည့်… ခဏတာလေးမှာ ချစ်တတ်သွားအောင်… မင်းပဲ မင်းပဲ… ငါ့ကို ဖန်တီးခဲ့”
ရဲလေးရဲ့ ဟန်အတိုင်း မယ်လိုဒီနဲ့ ရက်ပ်ရောစပ်ဖန်တီးထားတဲ့ ဒီသီချင်းရုပ်သံဗွီဒီ ယိုဖိုင်ဟာ လတ်တလောမှာတော့ ပရိသတ်တွေအတွက် သဘောကျနှစ်ခြိုက်စေမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013