DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း ဒေသထွက် ထုတ်ကုန်ပြပွဲပြိုင်ပွဲ စတင်ဖွင့်လှစ်
DVB
·
January 25, 2019
တနင်္သာရီတိုင်း ဒေသထွက်  ထုတ်ကုန်ပြပွဲပြိုင်ပွဲ စတင်ဖွင့်လှစ်
Donate to DVB

ဒေသတွင်းထုတ်ကုန် အသေးစားနဲ့ အလတ်စား MSMEs ပြပွဲ၊ ပြိုင်ပွဲကို  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဇန်နဝါရီ ၂၅ ရက်ကနေ ၂၇ ရက်အထိ သုံးရက်တာ ပြုလုပ်နေပါတယ်။

အခုပြပွဲကို နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒေသတွင်းထုတ်ကုန်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ပံ့ပိုးမှု အားနည်းနေတယ်လို့   မြိတ်ခရိုင် အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းရှင်များအသင်းမှ ဦးစန်းမင်းဦးကပြောပါတယ်။

“လောလောဆယ် ဒေသတွင်းမှာ ပံ့ပိုးမှုမရှိသလောက်နည်းပါတယ်။ ဒေသမှာဆိုရင် လက်မှုလုပ်ငန်းတွေ လူသုံးကုန်လုပ်ငန်းတွေရှိတယ်။ အဲဒီလုပ်ငန်းတွေအားလုံးက လောလောဆယ် နည်းပညာပိုင်းရော ငွေကြေးအရင်းနှီးပိုင်းပါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပံ့ပိုးကူညီတာမရှိသလောက်ပါပဲ”

ဒေသတွင်း လျှပ်စစ်မီး လိုအပ်ချက်တွေရှိနေတဲ့အတွက် အသေးစား အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ အခက်ခဲတွေ များစွာဖြစ်ပေါ်နေတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒေသတွင်းလျှပ်စစ်မီးမရှိတဲ့အတွက် တနင်္သာရီတိုင်းက ဒေသထွက်ကုန်တွေကို ရန်ကုန်မှာ စက်ရုံတည်ပြုလုပ်ရပြီး ကုန်ချောကို တနင်္သာရီတိုင်းထဲ ပြန်လည်သယ်ယူရတဲ့အတွက် ကုန်ကျစ ရိတ်တွေ မြင့်တက်သွားတယ်လို့ ပရိဘောဂ ထုတ်လုပ်သူ တဦးကလည်း ပြောပါတယ်။

အခု ဒေသတွင်းထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ပြသထားပြီး ဒေသတွင်း ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေနဲ့ ထိုင်းနိုင်ငံက လာရောက်ပြသတဲ့ ထုတ်ကုန်နဲ့ ပြခန်းတွေလည်း ခင်းကျင်း ပြသထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013