DVB Logo
Home
မြန်မာသတင်း
နာမည်ကြီး မင်းသား၊ မင်းသမီးများ ပါဝင်သည့် “တရုတ်မလေးကို ချစ်တယ်-ဝေါ်အိုက်နီ” (နမူနာ)
DVB
·
January 25, 2019
နာမည်ကြီး မင်းသား၊ မင်းသမီးများ ပါဝင်သည့် “တရုတ်မလေးကို ချစ်တယ်-ဝေါ်အိုက်နီ” (နမူနာ)
Donate to DVB

နာမည်ကြီး သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ လူမင်း၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ခိုင်သင်းကြည်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ တရုတ်မလေးကို ချစ် တယ်-ဝေါ်အိုက်နီ အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ခိုင်သင်းကြည်တို့ ၃ ယောက် ပူးပေါင်းတည်ထောင်ထားတဲ့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး လွမ်းဝေအောင်ရဲ့ ၀တ္ထုဇာတ်ညွှန်းကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ဇာတ်ကားနာမည်အတိုင်း တရုတ်ရိုးရာ အပြင်အဆင်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး ဘယ်လိုဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင် တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ မိုးဒီ၊ အရိုင်း၊ ဧရာ၊ ငှက်ပျောကြော်၊ ၀က်မ၊ ဆင်မ၊ ငြိမ်းချမ်း၊ ပွင့်၊ ၀ါဝါအောင်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးကလည်း ပါဝင်အားဖြည့်ထားကြတာပါ။

ပေါ့ပေါ့ပါးပါး မြန်မာဟာသရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်း ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013