DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် အသက် ၇ အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်ရန်ကြံစည်သူကို ဖမ်းဆီး
DVB
·
January 25, 2019
တိုက်ကြီးတွင် အသက် ၇ အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်ရန်ကြံစည်သူကို ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ တမိုင်ဝန်ထမ်းကွက်သစ်အိမ်ရာမှာ အသက် ၇ နှစ် အရွယ် ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ အမျိုးသားတဦးကို တိုက်ကြီးမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်အရေးယူထားပါတယ်။

ဇန်နဝါရီ ၂၃ ရက်က မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့ ကျော်စိုးဝင်း (ခ) ရွှေပု ဆိုသူတို့ နေအိမ်မှာအတူရှိနေပြီး ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သမီးငယ်ကိုခေါ်ကာ အပြင်ထွက်သွားချိန်မှာ ကျော်စိုးဝင်က ၇ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်နေစဉ် အစ်ကိုဖြစ်သူရောက်လာပြီး ညီမဖြစ်သူကို အတင်းဆွဲခေါ် ထွက်ပြေးခဲ့တာပါ။

ကလေးငယ်ရဲ့မိခင်က အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် တိုက်ကြီးမြို့မရဲစခန်းက ကျော်စိုးဝင်း(ခ)ရွှေပုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013