DVB Logo
Home
သတင်းတို
တိုင်းရင်းသား ၀န်ကြီးတွေ ကား ၁ စီးစီ ရပြီ
DVB
·
September 19, 2012
တိုင်းရင်းသား ၀န်ကြီးတွေ ကား ၁ စီးစီ ရပြီ
1 / 2
Donate to DVB

ပြီးခဲ့တဲ့လပိုင်း သမ္မတနဲ့ တနိုင်ငံလုံးက တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ယောက်တို့ တွေ့ဆုံပြီးနောက် ပိုင်း အခြား တိုင်းနဲ့ပြည်နယ် ၀န်ကြီးတွေနည်းတူ ကား ၁ စီးစီ လက်ခံရရှိပြီဖြစ်ကြောင်း မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးခွန်ဖေမြက ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော Land Mark SUB ကား ၁ စီးစီ လက်ခံရပြီး နေအိမ်နဲ့ အခြားအဆောင်အယောင်တွေ ကိုတော့ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ရမယ်လို့ ကချင်ပြည်နယ် လီဆူးတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးအားဆီကလည်း ပြောပါတယ်။

[caption id="attachment_31006" align="alignleft" width="300" caption="စက်တင်ဘာလ ၇ ရက်နေ့က သမ္မတနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်"][/caption]

လစာကို အရင် တလ ကျပ် ၃ သိန်းခွဲကနေ အခြား တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးတွေ နည်းတူ ကျပ် ၄ သိန်းခွဲရမယ်ဆိုပေမယ့် တကယ်စရမယ့်အချိန်ကိုတော့ လာမယ့်လကုန်မှ သိရမယ်လို့ ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားဝန်ကြီးတွေရဲ့ အဆောင်အယောင် လစာနဲ့ အဆင့်အတန်း ကိစ္စတွေနဲ့ ပတ်သက်ပြီး နည်းဥပဒေမှာ ဖော်ပြထားတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့အတွက် အခြား တိုင်းနဲ့ ပြည်နယ် ၀န်ကြီးတွေ နည်းတူ သတ်မှတ်သင့်ကြောင်း ဒေါက်တာအေးမောင်နဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ တင်ပြခဲ့တာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပေးပြီးနောက် အစိုးရအဖွဲ့က အခုလို သတ်မှတ်ပေးလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013