DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်ရှိ ကယန်းကျောင်းသူ၊ ကျောင်းသားများကို နေ့စဉ် အဟာရတိုက်ကျွေး
DVB
·
January 24, 2019
ဖယ်ခုံမြို့နယ်ရှိ ကယန်းကျောင်းသူ၊ ကျောင်းသားများကို နေ့စဉ် အဟာရတိုက်ကျွေး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ အလယ်ကယန်းကျေးရွာအုပ်စုက ဆီးဘူးအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသား ၅၃၈ ဦးကို အလှူရှင်တွေရဲ့ အကူအညီနဲ့ နေ့စဉ် အာဟာရတိုက်ကျွေးနေပါတယ်။

တရက်ကို ကျပ် ၅၀၀၀၀ နှုန်းနဲ့ ကျောင်းဖွင့်တဲ့နေ့တိုင်း ကြက်၊ ဝက်၊ အမဲပါဝင်တဲ့ ဆန်ပြုတ်၊ မာမီးခေါက်ဆွဲနဲ့ သာကူ စတာတွေကို တလှည့်စီ တိုက်ကျွေးနေတာပါ။

အခုလို နေ့စဉ်အာဟာရတိုက်ကျွေးဖို့အတွက် မန္တလေးသွားဖက်ဆိုင်ရာတက္ကသိုလ်က ဒေါက်တာမြတ်ဥာဏ်၊ ဒေါ်ဝါဝါခိုင်မင်းနဲ့ ဆီးဘူးတိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာသက်ဇော်တို့ ဦးဆောင်တဲ့ အလှူရှင်အဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

လွန်ခဲ့တဲ့ ပညာသင်နှစ် ၂၀၁၈ ဇန်နဝါရီလ ၁၅ ရက်ကစလို့ လက်ရှိ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ ကျောင်းသား၊သူ​တွေကို နေ့စဉ် အာဟာရ တိုက်ကျွေးနေပါတယ်။

ဆီးဘူးအထက်တန်းကျောင်းဟာ ဖယ်ခုံမြို့နယ်အတွင်းရှိ အလယ်ကယန်းကျေးရွာအုပ်စု၊ ကယောကျေးရွာအုပ်စုနဲ့ သိကျိတ်ကျေးရွာအုပ်စုတွေက မှီခိုအားထားနေရတဲ့ အဓိက တခုတည်း ရှိတဲ့ ဒေသတွင်း အထက်တန်းကျောင်းတကျောင်းလည်း ဖြစ်ပါတယ်။

ဆီးဘူးအထက်တန်းကျောင်းကို ၂၀၁၇ ခုနှစ် ဇွန်လမှာ အ.ထ.က(ခွဲ)အဆင့်ကနေ အ.ထ.ကအဆင့်တိုးမြှင့်ရရှိခဲ့ပြီး လက်ရှိပညာသင်နှစ်မှာ ဆရာ၊ဆရာမတွေ အပါအဝင် ဝန်ထမ်း ၃၃ ဦး တာဝန်ထမ်းဆောင်နေပါတယ်။

သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013