DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်လာနိုင်
DVB
·
January 24, 2019
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်လာနိုင်
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအဆင့်ကနေ တိုက်ရိုက်ကိုင်တွယ်လာနိုင်တယ်လို့ ၀န်ကြီးဒေါ်နီလာကျော်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ရန်ကုန်တိုင်း လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ဇန်န၀ါရီ ၂၃ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ၀န်ကြီးဒေါ်နီလာကျော်နဲ့ ရန်ကုန်မြို့သစ်ဖွံဖြိုးရေး ကုမ္ပဏီ (NYDC)က တာဝန်ရှိသူတွေက ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံရှင်းလင်းခဲ့တာပါ။

ရန်ကုန်တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက “အန်ကယ်တို့က အခုက စီမံကိန်းတွေအားလုံးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကမှတ်တမ်းပဲတင်တာလေ။ အတည်ပြုတာ တခုမှမရှိသေးဘူး။ ရန်ကုန်မြို့သစ်လည်း အတည်ပြုဆွေးနွေးချင်တယ်။ အန်ကယ်တို့ကအဲဒါလေးကို တင်ပြတယ်။ နောက်တခါ ဘာလဲဆိုတော့ ၀န်ကြီးပြောတဲ့ဟာက အခုနောက်ဆုံးဝန်ကြီးက ဘာပြောလဲဆိုတော့ ဒါဟာ ပြည်တောင်စုအဆင့်ကတောင် တိုက်ရိုက်ကိုင်တွယ်လာနိုင်ဖွယ်ရှိတယ်ပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့သစ်စီမံကိန်း မြေယာလျှော်ကြေးနဲ့ပတ်သက်လို့လည်း မူလမြေပိုင်ရှင်သဘောတူညီမှုမရှိဘဲ အတင်းလက်မှတ်ထိုးဆောင်ရွက်လို့မရဘဲ မြေပိုင်ရှင်တွေနဲ့ သဘောတူညီမှုရဖို့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း Master Planကို အခုနှစ် မတ်လကုန်မှပြီးစီးမှာဖြစ်ပြီး စီမံကိန်းနေရာအတွင်းက လယ်ပိုင်ရှင်တွေအတွက် မြေ ၂၀ ရာခိုင်းနှုန်းပေးလျှော်ဖို့ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်သွားဖို့ရှိပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရန်ကုန်မြို့သစ်စီမံကိန်းအပါအ၀င် စီမံကိန်း ၂၀ ကျော်ကို လက်ရှိအချိန်အထိ ရန်ကုန်တိုင်းလွှတ်တော်ကနေ အတည်မပြုဘဲ မှတ်တမ်းတင်ထားပြီး ပြည်ထောင်စုအဆင့်က ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင်လည်း ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေးရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013