DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့်ပတ်သက်၍ အန်အယ်လ်ဒီဗဟို တိုင်ကြားစာရရှိ
DVB
·
January 24, 2019
တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့်ပတ်သက်၍  အန်အယ်လ်ဒီဗဟို တိုင်ကြားစာရရှိ
Donate to DVB

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နဲ့ပတ်သက်ပြီး တိုင်ကြားစာ ဒီနေ့ပဲ ရောက်ရှိလာတယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဇန်နဝါရီ ၂၄ ရက်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

“တိုင်ကြားစာက ဒီနေ့ပဲရောက်ရှိပါတယ်။ အဲဒီတိုင်စာအပေါ်မှာ စစ်ဆေးသွားမှာဖြစ်ပြီး တိုင်ကြားသူကို ဆက်သွယ်မေးမြန်းသွားမှာဖြစ်တယ်”လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး အကြောင်းအရာက ကျယ်ပြန့်လွန်းပြီး အကြောင်းအရာ သုံးလေးခုလောက်ဖြစ်နေကာ တခုတည်းကိုပဲ တိုင်ကြားတာမဟုတ်လို့ အချက်လက် ခိုင်ခိုင်လုံလုံ ရှိမရှိဆိုတာကို တိုင်ကြားသူကို ခေါ်ယူမေးမြန်းတဲ့အခါမှသာ သေသေချာချာ သိရမှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

အသေအချာစုံစမ်းမေးမြန်းပြီးတဲ့ အခါမှသာ အရေးယူဖို့ မယူဖို့ ဆုံးဖြတ်နိုင် လိမ့်မယ်လို့ လည်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူက ပြောပါတယ်။

သတင်း- အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013