DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဟိန္ဒူမိသားစုဝင်များကို ကုလအထူးကိုယ်စားလှယ်တွေ့ဆုံ
DVB
·
January 24, 2019
အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဟိန္ဒူမိသားစုဝင်များကို ကုလအထူးကိုယ်စားလှယ်တွေ့ဆုံ
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂျီနာဟာ စစ်တွေမြို့ရှိ ဟိန္ဒူမိသားစုတွေကို လာရောက်တွေ့ဆုံပြီး ၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ဟိန္ဒူတွေ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ  ဇန်နဝါရီ ၂၃ ရက် ညပိုင်းက စစ်တွေမြို့၊ ကျောက်တက်လမ်း ဟိန္ဒူဘုရားကျောင်း တန်းလျားမှာ နေထိုင်နေကြတဲ့ ဟိန္ဒူတွေကိုတွေ့ဆုံကာ ၂၀၁၇ အကြမ်းဖက်ဖြစ်မှုအတွင်း ဘယ်ကျေးရွာတွေက လူဘယ်နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်လို့ သေဆုံးမိသားစုဝင်တွေကို မေးမြန်းခဲ့တာပါ။

စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ဟိန္ဒူကယ်ဆယ်ရေးစခန်းမှာ မိသားစု ၂၁ စုနဲ့ လူဦးရေ စုစုပေါင်း ၆၈ ဦး နေထိုင်နေကြပြီး စားဝတ်နေရေး အဆင်မပြေတာတွေ ကြုံနေကြရတယ်လို့ စခန်းတာဝန်ခံတွေ ပြောပါတယ်။

အကြမ်းဖက်မှုတွေဖြစ်တုန်းက သတ်ဖြတ်ခံခဲ့ရတဲ့ ကျန်ရစ်မိသားစုဝင်တွေဟာ မောင်တော ဒေသကို မပြန်ရဲတော့ဘဲ စစ်တွေမြို့ နေရာတခုခုမှာ နေရာချပေးထားပေးဖို့ တင်ပြတောင်းဆို ခဲ့တယ်လို့လည်း မစ္စ ခရစ္စတင်းရွှာနာဘာဂျီနာနဲ့ တွေ့ဆုံခဲ့တဲ့ ဦးနီးမော်လ်က ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ  ပေါက်တောမြို့နယ်က ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ပြီး စခန်းမှာ နေထိုင်ကြတဲ့ အခြေအနေတွေနဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအခြေအနေတွေကိုလည်း မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့လည်း အထူးကိုယ်စားလှယ်က တွေ့ဆုံခဲ့ပါတယ်။

မစ္စခရစ္စတင်းရွှာနာဘာဂျီနာဟာ ၂၀၁၇ သြဂုတ်လတုန်းကလည်း မောင်တောဒေသမှာ ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဟိန္ဒူတွေ နေထိုင်တဲ့နေရာကို လာရောက် မေးမြန်းခဲ့ဖူးပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013