DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ကျော်ကျော်မျိုး၏နားရွက် ဗိုလ်ချုပ်နှင့်တူအောင် ဆီလီကွန်အကူဖြင့်ရိုက်မည် (ရုပ်သံ)
DVB
·
January 24, 2019
သရုပ်ဆောင်ကျော်ကျော်မျိုး၏နားရွက် ဗိုလ်ချုပ်နှင့်တူအောင် ဆီလီကွန်အကူဖြင့်ရိုက်မည် (ရုပ်သံ)
Donate to DVB

    ကာလအတန်ကြာ ကြန့်ကြာနေခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကားကို အခုနှစ်ထဲ ပြန် လည်ရိုက်ကူးတော့မှာဖြစ်ပြီး ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ အဓိကဇာတ်ဆောင်တွေကို အ၀တ်အစား၊ မိတ်ကပ်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီလို့ ဆိုပါတယ်။

    ဒီကားကို ရိုက်ကူးနိုင်ဖို့ အစပိုင်းတုန်းက ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဇာတ် ညွှန်းဒါရိုက်တာအဖြစ် တာဝန်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ ဒီတာဝန်တွေကို သရုပ်ဆောင် လူမင်းက လွှဲပြောင်း တာဝန်ရယူထားတာပါ။

    လက်ရှိမှာတော့ ဒီအတ္ထုပ္ပတ္တိရုပ်ရှင်ကို ဇာတ်ညွန်းအပိုင်း ၁၁၆ ပိုင်း ရေးသားပြီးစီးသွားပြီး သမိုင်းပညာရှင်တွေဆီမှာ အတည်ပြုပေးဖို့ အပ်နှံထားတယ်လို့ လူမင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းမှာ ပြုလုပ်တဲ့ အောင်ဆန်းရုပ်ရှင် တရားဝင် လူမှုကွန်ရက် စာမျက်နှာ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

    ခုလက်ရှိ အ၀တ်အစားနဲ့ မိတ်ကပ်စမ်းသပ်မှုတွေကိုတော့ အဓိက သရုပ်ဆောင် တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်နေရာတွေမှာ ပါဝင်ကြမယ့် သရုပ် ဆောင်တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ဒီရုပ်ရှင်ကားထဲမှာ အဓိက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးရဲ့ နားရွက်ဟာ ဗိုလ်ချုပ်နဲ့ အနည်းငယ်ကွာနေတာမို့ ဆီလီကွန်အကူအညီနဲ့ အသုံးပြုရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

    ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ အောင်ဆန်းရုပ်ရှင်အမည်နဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးဖို့ အကောင်းဆုံး အကူအညီ အထောက်အပံ့တွေ ရရှိထားပြီဖြစ်လို့ ဒီရုပ်ရှင်ဟာ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ လူမင်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း ၁၅၀၀၀ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြသနိုင်ဖို့ ရည်မှန်းထားပေမယ့် ဇာတ်ကား အရည်အသွေး ပိုကောင်းအောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အချိန်ထပ်မံတိုးယူရမယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆ နှစ်အတွင်း ၁၁ မိနစ်စာ နမူနာ ဇာတ်ဝင်ခန်းတခုသာ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013