DVB Logo
Home
မြန်မာသတင်း
ဘုန်းကြီးကျောင်းတိုက်အတွင်းက လောင်းကစားဒိုင်​ကို ဝင်ရောက်ဖမ်းဆီး
DVB
·
January 24, 2019
ဘုန်းကြီးကျောင်းတိုက်အတွင်းက လောင်းကစားဒိုင်​ကို ဝင်ရောက်ဖမ်းဆီး
1 / 5
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက ဆင်တဲဘုန်းကြီး ကျောင်းတိုက်အတွင်းက ဘောလုံး၊ နှစ်လုံး၊ သုံးလုံး ​ရောင်းချ​နေတဲ့ လောင်းကစားဒိုင်​ကို ဇန်နဝါရီ ၂၃ ရက်နေ့က ချမ်းအေးသာစံမြို့နယ် သံဃမဟာနာယက အဖွဲ့နဲ့အတူ သာသနာတော် ထိန်းသိမ်းစောင့်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်​။

ဆင်တဲဘုန်းကြီးကျောင်းတိုက်အတွင်းက အရှေ့ဆင်တဲတိုက်အုပ်ကျောင်းအတွင်းမှာ လောင်းကစားဒိုင် ပြုလုပ်​နေကြတဲ့ ဦးညီညီလွင်နဲ့ မသဇင်ခိုင်တို့ကို နှစ်လုံး သုံးလုံး ဘောလုံး လောင်းကစားရာမှာ အသုံးပြုတဲ့ ကျပ်သိန်း ၂၀၀ ​ကျော်​နဲ့ လောင်းကစားအသုံးပြုရာမှာ ပါဝင်တဲ့ လက်ပ်တော့ ၇ လုံး၊ ပရင်တာ ၁ လုံး၊ ငွေရေစက် ၁ လုံး၊ သံသေတ္တာ ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်​။

ကျောင်းတိုက်အတွင်းက ဓမ္မဂုဏ်ရည်ကျောင်းမှာ လောင်ကစားဒိုင်ပြုလုပ်သူတွေက ထွက်ပြေးတိမ်းရှောင်သွားပြီး ​ဘောလုံး နှစ်လုံး သုံးလုံး လောင်းကစားရာပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ ငွေစက္ကူရောရာတွေ သိန်းဂဏန်းနဲ့ လောင်းကစားအသုံးပြုရာမှာ သုံးခဲ့တဲ့ ကွန်ပျူတာလက်ပ်တော့ ၆ လုံးနဲ့ ဆက်စပ်ပစ္စည်းများဖြစ်​တဲ့ ပရင်တာ၁လုံးမီးစက်လက်ဆွဲ ၁ လုံး တို့ကိုလည်း ထပ်​မံသိမ်းဆည်းရမိခဲ့ပါတယ်​။

ချမ်းအေးသာစံမြို့နယ်သံဃာ့နာယက အဖွဲ့က အတွင်းရေးမှူးဆရာတော် ဥူးဓမ္မက “ဦးဇင်းတို့အနေနဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုရော၊ ဒိုင်လုပ်တဲ့သူတွေကိုပါ လွန်ခဲ့တဲ့ တလခွဲ လောက်ကနေစပြီး မလုပ်ဖို့ သတိပေးတယ်။ သုံးကြိမ်တိုင်ပြောတော့လည်း နားမထောင်တာနဲ့ အခုလေးကြိမ်မြောက်မှာ ဝင်ဖမ်းရတာပါ။ လူပုဂ္ဂိုလ်တွေကတော့ သက်ဆိုင်ရာ ရဲစခန်းကို အပ်လိုက်တယ်။ ကျောင်းထိုင်ဘုန်းကြီးတွေကိုတော့ မြို့နယ်သံဃနာယက ဆရာတော်ကြီးရဲ့ ဆုံးဖြတ်မိန့်ကိုတော့ စောင့်ရဦးမယ်”လို့ မိန့်​ကြားခဲ့ပါတယ်​။

အရှေ့ဆင်တဲကျောင်းတိုက်က ဆရာတော် ဥူးမာနိတနဲ့ ဓမ္မဂုဏ်ရည်ကျောင်းတိုက် ဆရာတော် ဥူးစန္ဒာသီရိတို့နှစ်ပါးကို​တော့ ချမ်းအေးသာစံမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ပညိန္ဒာဘိဝံသထံ အပ်​နှံပို့​ဆောင်​ခဲ့ပြီး ဥက္ကဋ္ဌဆရာတော်ကြီးက အဆိုပါကျောင်းထိုင် ဆရာတော်နှစ်ပါးကို လူဝတ်ချွတ်စေပြီး သာသနာညှိုးနွှမ်းစေမှုနဲ့ တရားရင်ဆိုင်ဖို ဆုံးဖြတ်ချက် မိန့်​ကြားခဲ့ပါတယ်​။

လောင်ကစားဒိုင်များဖြစ်တဲ့ ဦးညီညီလွင်နဲ့ မသဇင်ခိုင်တို့ကို အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၅၄/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅/၁၆ တို့နဲ့ အမှုဖွင့် ဖမ်းဆီးထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013