DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းတွင် ဆည်ရေကြောင့် မတ်ပဲစိုက်ခင်းများ ရေနစ်မြုပ်
DVB
·
January 24, 2019
ဇီးကုန်းတွင် ဆည်ရေကြောင့် မတ်ပဲစိုက်ခင်းများ ရေနစ်မြုပ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကူဖြူကျေးရွာအုပ်စု ညောင်ပင်ဘိုကျေးရွာမှာ တောင်ညိုဆည်ကနေ နွေစပါးအတွက် ရေလွှတ်လိုက်တာကြောင့် တောင်သူတွေရဲ့ မတ်ပဲစိုက် ဧက ၇၀ ကျော် ရေဝင်ခဲ့ကာ ပဲခင်းအချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး အခက်အခဲရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

မတ်ပဲခင်းတွေ ရေဝင်ပျက်စီးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်မြို့နယ် အဖွဲ့အစည်းတွေကို စာတင်ထားတယ်လို့ တောင်သူဦးမျိုးသန်းက ပြောပါတယ်။

“နွေစပါးအတွက်လွှတ်တဲ့ ဆည်ရေက တအားများတော့ မြောင်းဘောင်ကိုကျော်ပြီး မတ်ပဲခင်းတွေထဲကို ရေတွေဝင်ကုန်တယ်။ နောက်တလလောက်ဆို မတ်ပဲက နုတ်ရတော့မှာ ရေနစ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ တောင်သူတွေက သက်ဆိုင်ရာဌာနတွေကို ဇန်နဝါရီ ၂၃ ရက်နေ့က စာတင် အသားနားခံထားပါတယ်။ အခုလောလောဆယ် ရေဝင်နေတာဧက ၇၀ လောက်ရှိတယ်။ ဆည်ရေ ဒီထက်ပိုများလာရင် နောက်ထပ် မတ်ပဲခင်းတွေ ပျတ်စီးမှု ပိုများလာမှာ” လို့ ပြောပါတယ်။

မတ်ပဲစိုက်ပျိုးတာ ၁ ဧကကို ၃ သိန်းလောက်အရင်းရှိပြီး ဆည်ရေတွေ ထိန်းထိန်း သိမ်းသိမ်း လွှတ်စေချင်တယ်လို့ တောင်သူ ကိုအောင်ဖြိုးသူက ပြောပါတယ်။

“ဆည်ရေများလာပြီး ပဲခင်းတွေရေနစ်သေကုန်ရင် ဆောင်းသီးနှံစိုက်ပျိုး စရိတ်ချေးငွေ ပြန်ဆက်ဖို့ အခက်အခဲဖြစ်မှာ။ နွေစပါးစိုက်တဲ့ တောင်သူတွေလည်း အဆင်ပြေစေချင်တယ်။ မတ်ပဲ ၁ ဧကကို စိုက်ပျိုးကုန်ကျငွေ ၃ သိန်းလောက်ရှိတယ်။ အခုဆို ရေဝင်လို့ မတ်ပဲ ၁၀ ဧကလောက် ရေနစ်ပျက်စီးကုန်ပြီ။ ပဲပင်တွေ မသေအောင်လို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေရတယ်။”

တောင်ညို ဆည်မြောင်းဦးစီးအရာရှိ ဦးသက်နိုင်ဦးက “ဆည်ရေလွတ်လို့ မတ်ပဲခင်းတွေ ရေဝင်နစ်မြုတ်တာတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းကြားလို့ ကနော်တို့ ဆည်မြောင်းအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးအဖွဲ့တွေ ကွင်းဆင်းကြည့်နေပါတယ်။ ဒီအချိန်ကတော့ နွေစပါးစိုက်ပျိုးဖို့ ဆည်ရေလွှတ်ပေးရတဲ့ အချိန်ပါ။ အခုလို မတ်ပဲခင်းတွေ ရေဝင်တယ်ဆိုတာ သိသိချင်း ကျနော်တို့ လာကြည့်တယ်။ တောင်သူတွေကို အဆင်ပြေအောင် လုပ်ပေးသွားမှာပါ။ လောလောဆယ်တော့ ရေဝင်ဧက မများပါဘူး။ ဆည်ရေကိုလည်း ထိန်းသိမ်းပြီး လွှတ်ပေးသွားပါမယ်” လို့ ပြောပါတယ်။

တောင်ညိုဆည်က နွေစပါးစိုက်ပျိုးဖို့ ဆည်ရေလွှတ်တာတွေကြောင့် မတ်ပဲခင်းအချို့ ရေဝင်နစ်မြုပ်လို့ တောင်သူတွေ အပင်တွေမသေအောင် ပဲခင်းအတွင်း ရေမြောင်းဖောက်တာတွေ၊ ပဲခင်းဘောင်မြှင့်တင်တာတွေပြု လုပ်နေရပြီး ရေထပ်ဝင်လာပြီး ပဲခင်းတွေ နစ်မြုပ်ပျက်စီးမှာကို တောင်သူတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013