DVB Logo
Home
မြန်မာသတင်း
မိန်းကလေးငယ်အား မုဒိမ်းပြုကျင့်မှုသံသယဖြင့် အမှုဖွင့်ခံရသည့် ရဲဒုတပ်ကြပ် ထွက်ပြေးတိမ်းရှောင်
DVB
·
January 24, 2019
မိန်းကလေးငယ်အား မုဒိမ်းပြုကျင့်မှုသံသယဖြင့် အမှုဖွင့်ခံရသည့် ရဲဒုတပ်ကြပ် ထွက်ပြေးတိမ်းရှောင်
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး မဟာအောင်မြေမြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်​အား မုဒိမ်းပြုကျင့်ခဲ့မှု သံသယနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့  အမှတ် ၇ နယ်မြေရဲစခန်းက ရဲဒုတပ်ကြပ်​ တေဇာ​အောင်​ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ စခန်းမှူးက ပြောပါတယ်။

အိမ်ထောင်ရှိသူ ရဲဒုတပ်ကြပ် တေဇအောင်ဟာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်​ကို တည်းခိုခန်း ​ခေါ်​ဆောင်​ကာ သားမယားပြုကျင့်ခဲ့တယ်ဆိုပြီး ဖခင်ဖြစ်သူက အမှုဖွင့်တိုင်ကြား ထားတာလို့ အမှတ်​ ၇ ရဲစခန်းမှူး ရဲအုပ်​ခင်​​ဇော်​က​ ပြောပါတယ်​။

“အမှုဖွင့်ထားတာက ​ကောင်​မ​လေးရဲ့ အ​ဖေက အမှုဖွင့်ထားတာပါ။ ​လော​လောဆယ်​ ကျနော်​တို့က ​ဆေးစစ်​​ဆေးမှုအပိုင်း လုပ်​​နေပါတယ်​။ နယ်​ထိန်းအဖွဲ့​တွေနဲ့ တရာခံကို အမြန်​ဆုံးဖမ်းဆီးရမိ​ရေး ​ဆောင်​ရွက်​​နေတယ်။ အဲ့ဒီရဲတပ်​ဖွဲ့ဝင်​ ​ကောင်​​လေးကလည်း အမှုဖြစ်​ကတည်းက စခန်း​ကို ပြန်​မလာ​တော့တာ​လေ၊ ​ရှောင်​တိမ်း​နေတယ်​။ ​သူ့မိသားစု​တွေရှိတဲ့ ရန်​ကုန်​ဘက်​ကိုလည်း ဖမ်း​ဆီးရမိ​ရေး ​ဆောင်​ရွက်​​နေပါတယ်။”

မိန်းကလေးရဲ့ ဖခင်ဖြစ်သူက “ဒုရဲတပ်ကြပ်က ကျနော့်သား ရိုက်မှုနဲ့ ပတ်သက်ပြီး ပြောဆိုခင်မင်ဆက်ဆံတာတော့ရှိတယ်၊ ခုလိုမျိုး ဖြစ်​လိမ့်​မယ်​လို့ ထင်​မထားဘူး​လေ၊ ထိထိ​ရောက်​​ရောက်​​တော့ အ​ရေးယူ​ပေး​စေချင်​တယ်။ အခုသမီး​လေးကို ​ဆေးကုသခံယူဖို့ မန္တ​လေးပြည်​သူ့​ဆေးရုံကြီးကို ခုညပဲပိုပြီး ​ဆေးစစ်​ချက်​ ရယူ​နေတယ်​။”

ရဲဒုတပ်ကြပ် တေဇအောင်ကို မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းမှာ (ပ)၆၂/၂၀၁၉ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်မ ၃၇၆ /၃၆၃ တို့နဲ့ အမှုဖွင့်အ​ရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013