DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ရတနာပုံတက္ကသိုလ်ကျောင်းသားများ လွတ်မြောက်ရေး တရားရုံးတွင် ဆန္ဒပြ
DVB
·
January 24, 2019
ဖမ်းဆီးခံ ရတနာပုံတက္ကသိုလ်ကျောင်းသားများ လွတ်မြောက်ရေး တရားရုံးတွင် ဆန္ဒပြ
Donate to DVB

ရတနာပုံတက္ကသိုလ်​မှာလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့်ချထားပေးဖို့ တောင်းဆိုခဲ့လို့ ​ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အမရပူရမြို့နယ် တရားရုံးမှာ မနေ့က ဒုတိယအကြိမ်​ ရုံးထုတ်​ရာမှာ ဗကသကျောင်းသားတွေက လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးခဲ့ပြီး ကိုဘုန်းမြင့်ကျော်ပါ  ၄ ဦးကိုတော့ ဇန်နဝါရီ ၂ ရက်က ဖမ်းဆီးကာ ငြိမ်းစုစီ ဥပဒေပုဒ်မ၁၉နဲ့ တရားစွဲဆိုထားတာပါ။

မနေ့က ရုံးထုတ်မှာတော့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ အခြားတက္ကသိုလ်ကေ​ကျာင်းသား​သမဂ္ဂတွေ လည်း တရားရုံးကို လာရောက်ဝန်းရံခဲ့ကြပြီး ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေးကို တောင်းဆိုခဲ့ကြပါတယ်​။

ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) အတွင်းရေးမှူး ကိုသက်မောင်မောင်က  “အရင်အစိုးရလက်ထက်ကလည်း ကျောင်းသားတွေဖမ်းဆီးခံခဲ့ရတယ်။ အခုအစိုးရလက်မှာလည်း ဖမ်းဆီးခံနေရတယ်။ အခုအစိုးရလက်မှာ ပိုဆိုးနေတယ်​လေ။  စစ်အာဏာရှင် သဘော သက်ရောက်နေတယ်”လို့ ပြောပါတယ်။

မနေ့က တရားခွင်မှာတော့ တရားလို ဒုရဲမှူးခင်မောင်စိုးနဲ့ တရားလိုပြသက်​သေ နယ်ထိန်းခေါင်းဆောင်ရဲအုပ်မင်းပိုင်ဦး၊  တပ်ကြပ်ကြီးမောင်စိုးနဲ့ တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိုးတို့ကို စတင်​စစ်​​ဆေးခဲ့ ပါတယ်​။

ဗကသ​ကျောင်းသား​တွေကို ရတနာပုံတက္ကသိုလ်က တာဝန်ရှိသူတဦးက တရားလိုပြုလုပ်​ပြီး ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲထားသလို  မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးက တရားလိုပြုလုပ်ကာ ပုဒ်မ ၄၃၅/၅၀၅(ခ)/၁၁၄နဲ့ တရားစွဲထားပြီး ရဲတပ်ဖွဲ့က တရားလိုလုပ်​ပြီး ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉  နဲ့ အမှုဖွင့်ဖမ်းဆီး အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013