DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှု စတင်မည်
DVB
·
January 24, 2019
ပဲခူးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှု စတင်မည်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို  ပဲခူးမြို့က အခြေခံဥပဒေ ပြင်ဆင်လိုသူတွေ စုပေါင်းပြီး ဇန်န၀ါရီ ၂၆ ရက်နေ့ စတင် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

‘၂၀၀၈ ခြေဥအလုပ်မဖြစ် အမြန်ဆုံးဖယ်ရှားပစ်’ ဆိုတဲ့ စာသားပါတဲ့ စတစ်ကာတွေကို ပဲခူးဈေးကြီးရှေ့မှာ စတင်ဖြန့်ဝေသွားမယ်လို့ ကမ်ပိန်းဦးဆောင်သူ ကိုကျော်မျိုးဦး ဒီဗွီဘီကို ပြောပါတယ်။

“ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံထားတယ်။ လက်ခံမထားဘူးဆိုတာ ပြည်သူတွေအကုန်လုံး သိတယ်။ ၂၀၀၈ ဥပဒေက ဘယ်သူ့ကို ကာကွယ်ထားတယ်။ ပြည်သူကို ကာကွယ်ထားတာမဟုတ်ဘူးဆိုတာလည်း ကျနော်တို့ပြည်သူတွေ အကုန်လုံး သိပါတယ်။ ဒါကြောင့် ကျေန်ာတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် စတစ်ကာတွေ ရိုက်မယ်။ ရိုက်ပြီး ကားတို့ ဆိုင်ကယ်တို့မှာ လိုက်ကပ်မယ်။ ပြည်သူတွေ သိအောင်ပေါ့။ အဲဒီကနေ တဖြည်းဖြည်း တိုးတိုးပြီး ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်”

ဒီလှုပ်ရှားမှုမှာ ပါဝင်မယ့်ပဲခူးမြို့ ရပ်ကွက်ကြီးမှာနေတဲ့ ဦးဇော်ခန့်ကလည်း “ဒီအခြေခံ ဥပဒေထဲမှာ ကျနော်တို့ ပြည်သူတွေအတွက် အကျိုးပြုမယ့်ဟာတွေက အရမ်းနည်းနေတယ်။ များသောအားဖြင့် တောင်သူလယ်သမားတွေအတွက် ပိုဆိုးတယ်။ ဒီအတွက်အခြေခံဥပဒေက ပြင်သင့်တယ်။” လို့ ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ပြည်သူတွေအတွက် အကျိုးခံစားခွင့်တွေ အများကြီး ရရှိလာမှာဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံးအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူတွေအားလုံး ပါဝင်ပေးကြဖို့ ကမ်ပိန်း ပြုလုပ်သူတွေက တိုက်တွန်းပြောပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013