DVB Logo
Home
မြန်မာသတင်း
သင်ဇာဝင့်ကျော်နှင့် မနောတို့သရုပ်ဆောင်ထားသည့် ကြော်ငြာ ပရိသတ်ကြား ရေပန်းစား(ရုပ်သံ)
DVB
·
January 24, 2019
သင်ဇာဝင့်ကျော်နှင့် မနောတို့သရုပ်ဆောင်ထားသည့် ကြော်ငြာ ပရိသတ်ကြား ရေပန်းစား(ရုပ်သံ)
Donate to DVB

“သမုဒ္ဒရာကြီးက ပြောတယ်… ရေပြင်ကျယ်ဟာ သူ့ရဲ့အဖော်ပဲ… တောင်တန်း ကြီးက ပြောတယ်… စမ်းချောင်းလေးတွေကို ချစ်တယ်… ကောင်းကင်ကြီးက ပြောတယ် … တိမ်ရောင်စုံဟာ သူ့ရဲ့အဖော်ပဲ… ကြယ်လေးများက ပြောတယ်… လမင်းမရှိရင် ငိုချင် တယ်”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တေးသံရှင် မနောရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အချစ်စစ်ရဲ့ တန်ဖိုးအမည်ရ သီချင်းစာသားတွေမှန်း ရင်းနှီးကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ဒီ တခါမှာတော့ ဒီသီချင်းကို ကြော်ငြာသီချင်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကြော်ငြာထဲမှာတော့ မနောက နာမည်ကြီး သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ အတူတွဲဖက်ပြီး ထူးထူးခြားခြား သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
“ထာဝရကိုယ့်ရင်ခွင်မှာ မင်းလေးနေပါ… ကိုယ်ဟာမင်းရဲ့ အမြဲတမ်းပဲ အဖော်မွန်ပါ… မြတ်နိုးလွန်းလို့ ချစ်တာ… တန်ဖိုးထားပြီး ချစ်တာ”
အလန်းစား ညှို့အားပြင်းဓာတ်ပုံတွေနဲ့ ပရိသတ်ကို ဖမ်းစားလေ့ရှိတဲ့ မင်းသမီး သင်ဇာဝင့်ကျော်နဲ့ မနောတို့ တွဲဖက်ပြီး ပိုးထည်အဆင်ဆန်းတွေနဲ့ မြန်မာဆန်ဆန် ၀တ် ဆင်ထားကြပြီး ရိုက်ကူးထားခဲ့တဲ့ မြတ်ပန်းသခင်ပိုးထည်ဆိုင်ကြော်ငြာ ရုပ်သံဟာ လတ် တလောမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။
“ယုံကြည်ပါ နောက်ဆုံးတနေ့ထိ… လက်တွဲမဖြုတ်ဘူး မင်းနားနေမှာပါ… အဆိုအကောင်းတွေ တို့ထပ်တူ… ခံစားမျှဝေသွားမှာ အရာရာ ပေးဆပ်ကာ… အသည်းကို နှင်း အပ်လို့ထားတာ… ထာဝရအဖော်ဆိုတာ အချစ်စစ်ရဲ့တန်ဖိုးတစ်ခုပါ”
ဒီကြော်ငြာရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မနောတို့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေတဆင့် မျှဝေ ထားခဲ့ကြတာဖြစ်ပြီး ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013