DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ပါတီတံဆိပ်နှင့် အလံ အသုံးပြုခွင့် ပြန်ပေး
DVB
·
January 24, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ပါတီတံဆိပ်နှင့် အလံ အသုံးပြုခွင့် ပြန်ပေး
Donate to DVB

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ တံဆိပ်နဲ့ အလံတွေ အသုံးမပြုဖို့ ဆုံးဖြတ်ထားတာကို စည်ပင်ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပယ်ဖျက်လိုက်ပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပါတီတံဆိပ်၊ အလံနဲ့ ပါတီခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေ သုံးစွဲခွင့်မပြုဖို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၁ ရက်က ဆုံးဖြတ်ထားတာပါ။

ဒီဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်တဲ့ ကော်မရှင် အစည်းအဝေးမှာ ပယ်ဖျက်လိုက်တာလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

“ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေမှာ ပါတီတံဆိပ်၊ အလံ အသုံးမပြုရဘူးလို့ မဖော်ပြထားဘူး။ အဲဒီအတွက် ဒီနေ့ပြုလုပ်တဲ့ ကော်မရှင်အစည်းအဝေးမှာ ဇန်နဝါရီ ၂၁ ရက်နေ့က ဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ကော်မရှင်က ဇန်နဝါရီ ၂၃ အစည်းအဝေး ဆုံးဖြတ်ချက်ကို ကျနော်တို့ဆီ တင်ပြလာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိစ္စမှာ စည်ပင်ကော်မတီရဲ့ သဘောထားအတိုင်း ဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီ  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒါက ကော်မရှင်ရဲ့ သဘောထားပါပဲ။ ကျနော်အရင်ကလည်း ပြောထားပါတယ်။ ခွင့်ပြုမှပဲ သုံးလို့ရမှာပါ။ ကျနော်တို့ဘက်ကတော့ ဝင်ပြိုင်ချင်တဲ့သူတွေ ရှိရင်သာ အရည်အချင်းကိုကြည့်ပြီး ရွေးချယ်သွားမှာပါ။ မဖြစ်မနေ ဝင်ပြိုင်ဖို့တော့ ပြောမှာမဟုတ်ပါဘူး။ တဦးချင်းရဲ့ ဆန္ဒအရ ဝင်ပြိုင်တာသာ ခွင့်ပြုမှာပါ။”

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်နေရာ ၁၀၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောထားပြီး ပါတီကရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီရဲ့ အလံ၊ တံဆိပ်နဲ့ ပါတီပုံရိပ်တို့ကို အသုံးပြုခွင့်ပေးမယ်လို့ ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေဟာ ပါတီက မရွေးချယ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ပါတီက နုတ်ထွက်ရမယ်လို့လည်း ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စည်ပင်ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာကို ဥပဒေနဲ့ ကန့်သတ်ထားခဲ့ပြီး ယှဉ်ပြိုင်လိုသူတွေဟာ ပါတီကနေ နုတ်ထွက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013