DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် အမည်မသိသေနတ်သမားက အရပ်သား ၁ ဦးကို ပစ်သတ်
DVB
·
January 23, 2019
မင်းပြားမြို့နယ်တွင် အမည်မသိသေနတ်သမားက အရပ်သား ၁ ဦးကို ပစ်သတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ အရပ်သားတဦးကို အမည်မသိ သေနတ်သမားတဦးက အိမ်ထဲဝင်ရောက်ပြီး အနီးကပ်သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပန်မြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက် ည ၉ နာရီကျော်လောက်က ပန်မြောင်းကျေးရွာ ရွာဟောင်းရပ်ကွက်နေ ဦးမောင်သန်းဖြူကို သေနတ်သမားတဦးက အိမ်ထဲဝင်ရောက် သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ဖြစ်တာက ၉ နာရီ၂၀ လောက်မှာဖြစ်တာ၊ ကျနော်တို့ သွားကြည့်တဲ့အခါမှာတော့ ၁၀ နာရီကျော်ပြီးပေါ့နော်။ သေနတ်နဲ့ ၅ ချက်ပစ်သွားတာဗျ။ ကျနော်တို့ ရောက်သွားတော့ အသက်မရှိတော့ဘူး။ ဒဏ်ရာတွေကတော့ ရင်ဘက်တွေမှာရော၊ ဝမ်းဗိုက်ရယ်၊ နောက်ပြီးတော့ ပေါင်တွေမှာပါ ကျည်ဆန်ထိမှန်ထားတာတွေ့ရတယ်၊ အားလုံးကျည်မှန်ထားတာ ၅ နေရာ ရှိတယ်လို့ ပြောပါတယ်။

သေဆုံးသွားသူရဲ့ ဇနီး ဒေါ်သောင်းမြရီက “အစ်မက နေမကောင်းဖြစ်ပြီးတော့ အိပ်ရာထဲမှာ လဲနေတာ။ အစ်မယောက်ျားနဲ့ခြံဝမှ လူတယောက် စကားပြော သံတွေကြားရတယ်။ အဲ့ဒီလူကို လာပါအိမ်ပေါ်တက်လို့ ပြောတာကြားလိုက်တယ်။ ကျမလည်း ဘယ်သူလဲဆိုတာ တံခါးပေါက်နေ ချောင်းကြည့် လိုက်သေးတယ်။ အမှောင်ထဲမှာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ အဲ့ဒီအချိန်မှာ ကျမယောက်ျားက အိမ်ပေါ်တက်တာနဲ့ ဒိုင်းဆိုတဲ့အသံကြားလိုက်ရတယ်။ ယောက်ျား လဲသွားတာနဲ့ ဆက်တိုက် ၃ ချက် ပစ်လိုက်တယ်။ ကျမလဲကြောက်ပြီး အပြင်မထွက်ရဲတော့ဘူး။ သေနတ်ပစ်တဲ့ သူထွက်ပြေး သွားတဲ့အချိန်မှ ကျမရွာလူတွေအော်ပြီး အကူအညီ တောင်းလိုက်ပါတယ်။ ကျမအောက်ကို ဆင်းကြည့်သွေးသံရဲရဲ အသက်မရှိတော့ဘူး”လို့ ပြောပါတယ်။

အခန်းထဲကနေ သဲသဲကွဲကွဲမျက်နှာကို မမြင်ရတဲ့အတွက် သေနတ်သမားဟာ သူဘယ်ဝါဆိုတာ မပြောနိုင်သေးဘူးလို့ ဇနီးဖြစ်သူ ဒေါ်သောင်းမြရီက ဒီဗွီဘီကိုပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ပန်းမြောင်းရဲစခန်းမှူး ရဲအုပ်ထွန်းအေးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းတဲ့အခါမှာ တရားခံဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပြီး သေဆုံးမှုနဲ့ပတ်သက်လို့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ ကြုံရာကျပန်းအလုပ်လုပ်သူတဦးဖြစ်ပြီး သူရဲ့ရုပ်အလောင်းကို ပန်းမြောင်းတိုက်နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံမှာ ထားရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာ နေအိမ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင် သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံ ခဲ့ရပါတယ်။

ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013