DVB Logo
Home
မြန်မာသတင်း
စတီရီယိုခေတ်ဟောင်းပုံစံ ပြန်လည်ခံစားကြရမယ့် ချာချာရဲ့ ‘သိပ်ချစ်မိတယ်’ သီချင်း
DVB
·
January 23, 2019
စတီရီယိုခေတ်ဟောင်းပုံစံ  ပြန်လည်ခံစားကြရမယ့် ချာချာရဲ့ ‘သိပ်ချစ်မိတယ်’ သီချင်း
Donate to DVB

“အားလုံးကပြောတယ် နင်လေ ရူးနေမယ်… ပြောလည်းပြော မမှုနိုင်ပါနော် ချစ်သူ ရယ်… သိပ်ချစ်လို့ရူးတာ ကိုယ်ဘာတတ်နိုင်မယ်… ကိုကို့ကို ရင်မှာ တကယ်စွဲတယ်”
ဒါကတော့ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ် တွေကြား ရေပန်းစားနေတဲ့ သိပ်ချစ်မိတယ် အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ် ပါတယ်။

ဒီသီချင်းကိုတော့ ချာချာလို့ ပရိသတ်တွေ သိကြတဲ့ အဆိုတော် ဆုပြည့်မှူးအိမ်က သီဆိုထားတာဖြစ်ပြီး တေးရေး ယံယံက ရေးစပ်ထားတာ ဖြစ်ပါတယ်။

“နေ့ရက်များပြောင်းကာ အချိန်တွေ များလာလေ… အသည်းထဲက အချစ်တွေ ပိုပို များလာလေ… အားလုံးက ပြောနေပြန်ပြီ ချစ်သူရေ… နေမြင့်လေ အရူးလည်းရင့်လေတဲ့”
ဒီသီချင်းအမ်တီဗွီကိုတော့ ၁၉၈၀ ပြည့်လွန်ကာလတွေက မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ ခေတ်ဟောင်းစတီရီယိုတေးသီချင်းတွေရဲ့ ပုံစံအတိုင်း ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီခေတ်က အပြင်အဆင်၊ ၀တ်စားဆင်ယင်မှုတွေအတိုင်း ရိုက်ကူးထားပြီး လှပတဲ့ စာသားတွေနဲ့ ဒီသီချင်းဟာ ခံစားနားဆင်သူတွေကို တခါက စတီရီယိုနေ့ရက်တွေဆီ ပြန်လည်အမှတ်ရစေနိုင်မှာ ဖြစ်ပါတယ်။

“ကိုကို ရယ်မှ ရယ်မယ့်သူ… ကိုကိုပျော်မှ ပျော်မယ့်သူ… ကိုကိုဆိုတဲ့သူရဲ့ အရိပ် ကလေးလို့ ဆိုချင်ဆို… ကိုကိုစိတ်ချမ်းသာဖို့ဆို အရာအားလုံး တို့က လိုက်လျောမယ်… ကိုကိုရဲ့ အချစ်ဆုံး ချစ်သူလေးဖြစ်ချင်… ကိုရေ ချစ်တာတွေပြောရင် မဆုံးနိုင်ဘူး… အရူး လေးလို သိပ်ချစ်မိတယ်”

ချာချာဟာ အရင်က နာမည်ကြီး အမျိုးသမီးတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Tiger Girls အဖွဲ့ဝင်ဟောင်တယောက်ဖြစ်ခဲ့ပြီး အဖွဲ့လိုက်တေးသီချင်းတွေ၊ ဖျော်ဖြေမှုတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ် ဗုံး-Bomb ကို ထွက်ရှိခဲ့ပြီးဖြစ်ကာ ခုထွက်လာတဲ့ သိပ်ချစ်မိတယ် သီချင်းကတော့ ဒုတိ ယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ တိမ်တွေပေါ်ဆီသွားမယ်ဆိုတဲ့ အယ်လ်ဘမ်ထဲမှာ ပါဝင် တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းကို ချာချာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013