DVB Logo
Home
မြန်မာသတင်း
လမင်းတရာ ဇာတ်အဖွဲ့ ကျိုက်ထိုမြို့အနီး ကားမှောက်၍  ၉ ဦးဒဏ်ရာရ
DVB
·
January 23, 2019
လမင်းတရာ ဇာတ်အဖွဲ့ ကျိုက်ထိုမြို့အနီး ကားမှောက်၍  ၉ ဦးဒဏ်ရာရ
Donate to DVB

မော်လမြိုင်မြို့က လမင်းတရာဇာတ်ပွဲအဖွဲ့သားတွေ လိုက်ပါလာတဲ့ ကားတစီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အ၀င် လမ်းခုလတ်မှာ ဒီမနက် ၂ နာရီခွဲလောက်က တိမ်းမှောက်ခဲ့လို့ လူ ၉ ဦး ဒဏ်ရာရသွားတယ်လို့ မွန်ပြည်နယ် သဘင်အစည်းအရုံးက သိရပါတယ်။

အဲ့ဒီဇာတ်ပွဲကားမှာ ဇာတ်လုပ်သား ၅၀ လောက် တင်ဆောင်လာပြီး ကားဘီးပေါက်လို့ မတော်တဆ ယာဉ်တိမ်းမှောက်သွားခဲ့တာလို့  မွန်ပြည်နယ် ဇတ်သဘင်အစည်းအရုံး အလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဂွတ်ရှယ်က ပြောပါတယ်။

“ဖြစ်တာက ကားဘီးပေါက်ပြီးတော့ လမ်းဘေးကို ဆွဲချတာ။ မှောင်နေတော့ လမ်းဘေးချတဲ့ နေရာက ချိုင့်ကြီးဖြစ်နေတယ်။ အဲ့ဒီချိုင့်ထဲကို တိမ်းမှောက်သွားတယ်။ နှစ်ယောက်ကတော့ အရေးပေါ် ဖြစ်တယ်။ ကျန်တဲ့ ၉ ယောက်လောက်က ပွန်းပဲ့ဒဏ်ရာရတယ်။” လို့ ပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့လူနာ နှစ်ဦးကို မော်လမြိုင်ဆေးရုံကြီးကို လွှဲပြောင်းခဲ့ရပြီး ကျန်လူနာတွေကတော့ ကျိုက်ထိုဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

လက်ရှိမှာ ဒဏ်ရာရလူနာတွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဖိုးချစ်နဲ့ ဒုဥက္ကဋ္ဌ ဦးမိုးဝင်းတို့ အဖွဲ့က လာရောက်ကူညီပေးနေပေမယ့် အကူအညီတွေ လိုအပ်နေပါတယ်။

မွန်ပြည်နယ် သဘင်အစည်းအရုံး အလုပ်အမှုဆောင်ကော်မတီ ပြန်ကြားရေးမှူး ဦးဖိုးဖြူက “ထမင်းချက်တဲ့သူနဲ့ နောက်တယောက်က နည်းနည်းစိုးရိမ်ရတယ်။ ကျနော်တို့က သူတို့အတွက် အကူအညီတွေ ၀င်လာအောင် လုပ်ပေးမယ်။ (မွန်ပြည်နယ်) သဘင်တွေအနေနဲ့လည်း ကူညီနိုင်သလောက်ကူညီမယ်။ သူတို့ ပွဲပြန်ထွက်နိုင်ဖို့နဲ့ လုပ်သားတွေ ကျန်းမာရေး ပြန်ကောင်းလာနိုင်ဖို့  အဆင်ပြေအောင် ပြန်လုပ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

လမင်းတရာ ဇာတ်ပွဲလုပ်သားတွေကို ကူညီလှူဒါန်းလိုသူတွေအနေနဲ့ လူရွှင်တော် အသင်း (မော်လမြိုင်)နဲ့ မော်လမြိုင်မြို့နယ်က သဘင်ကော်မတီ တာဝန်ရှိသူတွေကို ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။

ဇာတ်သဘင်ပညာသည်တွေဟာ ယာဉ်မတော်တဆဖြစ်ပါက အသက်အာမခံမရှိတာ၊ ထောက်ပံ့အလှူငွေ သတ်မှတ်နှုန်းထားတွေ မရှိတာတွေကြောင့် လုပ်သားတွေ နစ်နာနေရပြီး လက်ရှိမှာ ဇာတ်သဘင်သည် အချင်းချင်း နားလည်မှုနဲ့ပဲ ပြန်လည်ကူညီထောက်ပံ့နေရတာ ဖြစ်ပါတယ်။

သတင်း-အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013