DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ကျပ်သိန်းပေါင်း ၁၈၅၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
January 23, 2019
မိုးကုတ်မြို့တွင် ကျပ်သိန်းပေါင်း ၁၈၅၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ လယ်ကြီးရဲကင်းရှေ့ကနေ ဖြတ်သွားတဲ့ ကားတစီးပေါ်ကနေ ဘိန်းဖြူနဲ့ စိတ်ကြွမူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်​လို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်​ရှိသူက​ပြောပါတယ်။

ရဲကင်းရှေ့က ဖြတ်သွားတဲ့ ပါဂျဲရိုးကားကို သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ဘန်ကာနဲ့ ရှေ့ကားဘီး နှစ်ဘီးအဖုံးပေါ်က ကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတဲ့ ဆပ်ပြာခွက် ၁ ခွက်ကို ဘိန်းဖြူမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၁၅၈ ခွက်နဲ့ ကားနောက်ခြမ်းဝဲဘက် ကိုယ်ထည်အတွင်းက ဆပ်ပြာခွက် ၁ ခွက်ကို ဘိန်းဖြူမှုန့်အလေးချိန် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၉၁ ခွက် တို့ကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်​။

ဒါ့အပြင် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀ ပြားကိုလည်းတွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးက စုစုပေါင်း ကျပ်သိန်းပေါင်း ၁၈၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။

မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ ဘရန်ဆိုင်းနဲ့ မာဒွဲ (ခ) ဇော်ဒွဲတို့ကို မိုးကုတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ တွေနဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013