DVB Logo
Home
မြန်မာသတင်း
ရခိုင်အစိုးရအဖွဲ့နှင့် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာကိုယ်စားလှယ်တို့ တွေ့ဆုံ
DVB
·
January 22, 2019
ရခိုင်အစိုးရအဖွဲ့နှင့် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာကိုယ်စားလှယ်တို့ တွေ့ဆုံ
1 / 4
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂျီနာဟာ  ဒီကနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့ကိုရောက်ရှိလာပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဟာ စစ်တွေမြို့နယ် သက်ကယ်ပြင် ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း အခြေအနေတွေနဲ့ ဘင်္ဂါလီတွေရဲ့ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂျီနာဟာ ခရီးစဉ်အတွင်း  ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနဲ့ လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မစ္စခရစ္စတင်း ရွှာနာဘာဂျီနာဟာ ပြီးခဲ့တဲ့ ၂၁၀၈ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့က လည်း ရခိုင်ပြည်နယ်ကို လာရောက်ပြီး ရခိုင်လူမှုအဖွဲ့စည်းတွေ၊ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာနေချိန်မှာ မစ္စခရစ္စတင်း ရွှာနာဘာဂျီနာကလည်း ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။


ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013