DVB Logo
Home
မြန်မာသတင်း
လှည့်စားခဲ့သည့် ချစ်သူအကြောင်းရေးစပ်ထားသည့် ၀တ်ရည်ထက်၏ သီချင်းသစ်“မှား” (ရုပ်သံ)
DVB
·
January 22, 2019
လှည့်စားခဲ့သည့် ချစ်သူအကြောင်းရေးစပ်ထားသည့် ၀တ်ရည်ထက်၏ သီချင်းသစ်“မှား” (ရုပ်သံ)
Donate to DVB
    “ငါ ယုံကြည်ပေးခဲ့ပါတယ်… ကြွေ ကြွေအောင်ခြွေ နှုတ်ခမ်းဖျားက စကား…  လွယ်လွယ် နင်ပြောလည်း… အလေးအနက်ထားတဲ့သူပါ… ငါ ဆိုတဲ့ လူဟာ… ယုံကြည် ရင် အဖြူအမဲ ဂရုမစိုက်တော့… ကောင်းကောင်းအသုံးချသွား… ဘာမှမသိတဲ့ အဖြူ ရောင်နှလုံးသား… ဖျက်ဆီးတဲ့ သူရေ”
    ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ တေးသံရှင် ၀တ်ရည်ထက်ရဲ့ မှားအမည် ရတဲ့ တေးသီချင်းသစ်ထဲက စာသားတွေ ဖြစ်ပါတယ်။
    နူးညံ့လှပတဲ့ သီချင်းစာသားတွေနဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ဒီသီချင်းကိုတော့ တေး သံရှင် ကောင်းကောင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး လိုက်ဖက်တဲ့ ၀တ်ရည်ထက်ရဲ့ ချိုမြတဲ့ အသံနဲ့ ပရိသတ်တွေက နားဆင်ကြရမှာပါ။
    “နင် မချစ်တော့ရင်ပြော… လမ်းခွဲပေးမှာပေါ့… နှစ်ကိုယ်ကြား ကတိတွေ လွယ် လွယ်ပဲ…. နင်ဖျက်ဆီး…မှားတယ်… ငါပဲ မှားပါတယ်…ကြုံရာ အကြင်နာမျှဝေသူကို အိနြေ္ဒအရှင်သခင် မှတ်ယူနေတော့… အမုန်းသင်ခန်းစာ… ငါ ဖတ်ရှုတော့မယ်… တန်ရာကို သွားပါ… ရေမလိုသော ခြောက်သွေ့ ကန္တာရမှာ”
    ဒီသီချင်းကိုတော့ တေးသံရှင် ၀တ်ရည်ထက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာပေါ်ကနေတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
    “ကမ္ဘာမြေ… အကြင်နာဆေးများလိုနေ… အသင်္ချေ… ဒဏ်ရာရသော နှလုံးသား များ… ဆင်ခြင်တွေလည်း တွန်းတိုက်… ရသမျှအခွင့်အရေး အကုန်ယူ… အဖြူထည် လေးစွန်းအောင်… အရောင်ခြယ်ကာ တန်ဖိုးချပစ်မလား… ကောင်းကောင်း အသုံးချသွား… ဘာမှမသိတဲ့ အဖြူ ရောင်နှလုံးသား… အရောင်ဆိုးတဲ့ သူရေ”
    ချိုချိုအေးအေး သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ တေးသံရှင် ၀တ်ရည် ထက်ရဲ့ ဒီသီချင်းထဲမှာတော့ အဖြူထည်နှလုံးသားကို လှည့်ဖျားပြီး အသုံးချသွားတဲ့ ချစ် သူအကြောင်းကို သူ့ရဲ့ ဆိုဟန်အတိုင်း ပရိသတ်တွေက ဆွေးဆွေးမြေ့မြေ့ နားဆင်ခံ စားနိုင်မှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013