DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး
DVB
·
January 22, 2019
ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ မနေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကေအိုင်အိုဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပေမယ့် အဓိက ဘာတွေ ဆွေးနွေးနေလဲဆိုတော့ မသိရသေး ဘူးလို့ ကေအိုင်အို ပြောခွင်ရသူ ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။

“တွေ့တာကတော့ မနေ့က ကူးမင်းမှာတွေ့တာတော့ သေချာပြီ၊ ဒါပေမယ့် သူတို့လည်း ပြန်မလာသေးဘူး။ သူတို့လည်း အကြောင်းဘာမှမကြားသေးဘူး။ သူတို့ဘာတွေ ဆွေးနွေးခဲ့လဲ၊ ဘာတွေ သဘောတူညီချက်ရခဲ့သလဲ ဆိုတာတော့ ဘာမှအကြောင်းမကြားသေးဘူး။”

ဗိုလ်ချုပ်ဂွမ်မော်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေပြီး ကေအိုင်အေကို ‘သောင်းကျန်းသူအဖွဲ့’ လို့ သုံးနှုန်းခဲ့တဲ့အပေါ် NRPC နဲ့တွေ့ဆုံရင် မေးမြန်းမယ်လို့  ဇန်န၀ါရီ ၁၇ ရက်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အလားတူ အစိုးရငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးကလည်း ချင်းမိုင်မှာ ပြုလုပ်တဲ့ ကချင်ညီလာခံထုတ်ပြန်တဲ့ ကချင်နိုင်ငံတော် ထူထောင်လိုတယ်ဆိုတဲ့ ထုတ်ပြန်ချက် အပေါ် ကေအိုင်အေနဲ့ တွေ့တဲ့အခါ မေးမြန်းဖို့ မှတ်သားထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်မထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် စစ်တိုင်းဒေသကြီး ၅ ခုမှာ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက် အထိ ၄ လကျော်ကြာ စစ်ဆင်ရေးရပ်ဆိုင်းထားဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ တပ်မတော်က ကြေညာထားပါတယ်။

တပ်မတော်ရဲ့ ကြေညာချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။

တပ်မတော်က စစ်ဆင်ရေးရပ်ဆိုင်းဖို့ ကြေညာပြီးနောက်ပိုင်း  ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်မရပ်သေးတဲ့ ကေအိုင်အိုတို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013