DVB Logo
Home
မြန်မာသတင်း
ရခိုင်အတွက်အရေးပေါ် ဆန်အိတ် ၆၀၀၀ကျော် ကိုရီးယားနိုင်ငံက ကူညီထောက်ပံ့
DVB
·
January 22, 2019
ရခိုင်အတွက်အရေးပေါ် ဆန်အိတ် ၆၀၀၀ကျော် ကိုရီးယားနိုင်ငံက ကူညီထောက်ပံ့
Donate to DVB

ရခိုင်ပြည်နယ်အတွက် လိုအပ်တေဲ့နေရာတွေမှာအသုံးပြုဖို့ အရေးပေါ် အရန်ဆန်ရိက္ခာအဖြစ် ဆန်တန်ချိန် ၂၅၀ လောက်ရှိတဲ့   ဆန်အိတ်ပေါင်း ၆၂၅၀ ကို ကိုရီယား သမ္မတနိုင်ငံက ရခိုင်ပြည်နယ်အစိုးရကို ဒီမနက်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲ့ဒီဆန်တွေကို ရခိုင်ပြည်နယ်အသီးသီးမှာ လိုအပ်နေတဲ့နေရာမှာ အသုံးပြုဖို့နဲ့ ဒုက္ခသည်တွေ၊ ဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေ လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ အခုလိုလာရောက် ထောက်ပံ့ပေးအပ်တာလို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် လီဆန်ဟွာက  ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမှာကျင်းပတဲ့ စားနပ်ရိက္ခာ ကူညီထောက်ပံ့တဲ့ ဒီအခမ်းအနားကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ပြီး  လက်ခံရယူခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013