DVB Logo
Home
မြန်မာသတင်း
ကြည်ပြာရောင်နဂ္ဂတစ်များရုပ်ရှင်ကို ပြန်ရိုက်ကူးထားသည့် အဓိပတိလမ်းက နဂ္ဂတစ်များ (နမူနာ)
DVB
·
January 22, 2019
ကြည်ပြာရောင်နဂ္ဂတစ်များရုပ်ရှင်ကို ပြန်ရိုက်ကူးထားသည့် အဓိပတိလမ်းက နဂ္ဂတစ်များ (နမူနာ)
Donate to DVB

တချိန်က နာမည်ကြီး မြန်မာရုပ်ရှင်ကားတကားကိုပုံစံတမျိုးနဲ့ ပြန်လည်ပုံဖော်ရိုက် ကူးထားတဲ့ အဓိပတိလမ်းက နဂ္ဂတစ်များ ရုပ်ရှင်ကားကို လာမယ့်ဇန်န၀ါရီလ ၂၅ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီကားကိုတော့ သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေး ဆရာ နီကိုရဲရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ ကျော်ဇောလင်းက ပုံဖော်ရိုက်ကူး ပေးထားတာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကတော့ အမြဲတမ်း တလွဲတချော်ဖြစ်နေတတ်တဲ့ခပ်ကြောင်ကြောင် ကောင် လေးတယောက်နဲ့ အရာရာကို လေးလေးနက်နက်သဘောထားတတ်တဲ့ ကောင် မလေးတ ယောက် တက္ကသိုလ်မှာဆုံကြတဲ့ ဇာတ်လမ်းဖြစ်ပြီး ချစ်သူတွေဖြစ်ကြပြီးနောက် လွဲချော်မှုတွေကြောင့် သူတို့ ၂ ဦးကြား ပြဿနာတွေတက်ကြရတဲ့ ဇာတ်လမ်း ကို ရိုက်ကူး ပုံဖော်ပေးထားတာပါ။

    ဒီကားကို အရင်က နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့လွင် မိုး၊ ထွန်းအိန္ဒြာဗိုတို့နဲ့ ရိုက်ကူးခဲ့ဖူးပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ် ပါတယ်။ ခုရုပ်ရှင်မှာတော့ ရန်ကုန်တက္ကသိုလ်မဟာတန်းကျောင်းသားကျောင်းသူတွေအဖြစ် ကျောရိုးယူရိုက် ကူးထားတာမို့ ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။

    ဒီကားထဲမှာ သရုပ်ဆောင် ပြေတီဦး၊၀တ်မှုန်ရွှေရည်တို့နဲ့အတူ ရဲအောင်၊ ယွန်း ရွှေရည်နဲ့ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

    ဒီကားရဲ့ Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ တသန်းကျော်ရှိနေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013