DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သားများကို ဆွေမျိုးများလာရောက် ဝတ်ပြုဆုတောင်း
DVB
·
January 22, 2019
မိတ္ထီလာတွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သားများကို ဆွေမျိုးများလာရောက် ဝတ်ပြုဆုတောင်း
1 / 9
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ ဂျပန်စစ်သားတွေ မြေမြှုပ်သင်္ဂြိုဟ်ထားတဲ့ နေရာတွေကို ဂျပန်နိုင်ငံက ဆွေမျိုးတွေက လာရောက် ၀တ်ပြုဆုတောင်းတာတွေ ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်၊ ဇချမ်းကုန်းရွာနဲ့ ကန်သာအေးရွာစတဲ့နေရာ သုံးနေရာမှာကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေရဲ့ ဆွေမျိုးတွေ လာရောက်ဝတ်ပြု ဆုတောင်ပေးခဲ့ကြတာပါ။

ကျဆုံး ဂျပန်စစ်သားတဦးရဲ့ဆွေမျိုးဖြစ်တဲ့ အသက် ၈၄ နှစ်ရှိတဲ့ ဂျပန်အမျိုးသမီးတဦး ဦးဆောင်ပြီး လာရောက်တာဖြစ်တယ်လို့ မိတ္ထီလာမြို့နယ် ကန်သာအေးရွာ အမှတ်၂၂၈ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဌေးဝင်းကပြောပါတယ်။

“ ကျနော်ကျောင်းနေရာမှာ သူတို့ရဲ့ ဆွေမျိုး ဂျပန်စစ်သားတွေ ကျဆုံးခဲ့တယ်တဲ့ သူတို့ကပဲ ကျောင်းဆောင် ၂ဆောင် လှူထားပါတယ်။ အရင်နှစ်တွေက ဖေဖော်ဝါရီလထဲမှာ လာတယ်။ အခုနှစ်တော့ စောလာတယ်။ ကျောင်းသားတွေကိုလည် စာအုပ်ခဲတံ ဘောပင်တွေ ပေးသွားတယ်"

ကျဆုံးတဲ့ ဂျပန်စစ်သားတွေ မြေမြှုပ်သင်္ဂြိုဟ်ထားတဲ့ ကျောက်တိုင်နေရာကို ဂျပန်နိုင်ငံသား တွေနှစ်စဉ်လိုလိုလာရောက်ပြီး ဆုတောင်းပေးလေ့ရှိတာဖြစ်ပြီး အခုနှစ်မှာတော့ လာရောက်သူ နည်းသွားတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့နယ် ဇချမ်ကုန်းရွာခွဲ အုပ်ချုပ်ရေးမှူး ဦးဝင်းကြည်က “မြောက်ပိုင်း ဘုန်းတော်ကြီးကျောင်းထဲမှာ ကျဆုံးတဲ့ ဂျပန်စစ်သားတွေရဲ့ ကျောက်တိုင်တွေရှိတယ်။ အရင်နှစ်ကတော့ ဂျပန်နိုင်ငံလေတပ်က အရာရှိကြီးလာတယ်။ မြန်မာလေတပ်က လုံခြုံရေး ယူပေးကြတယ်။ ဂျပန်အယောက် ၂၀ ကျော်လောက် လာတယ်။ ဒီနှစ်တော့ ၇ယောက် လောက်ပဲလာတယ်။ ရွာက မူလတန်းကျောင်းသားတွေကိုတော့ စာအုပ်တွေ ပေးသွားတယ်"လို့ ပြောပါတယ်။

ဂျပန်နိုင်ငံသားတွေပါဝင်တဲ့အဖွဲ့ဟာ မနေ့ ညနေလောက်မှာ အမြန်လမ်းဘက်ကို ပြန်လည်ထွက်ခွာပြီး တည်းခိုနေထိုင်ရာ နေပြည်တော်ကို ပြန်သွားကြပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013