DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံတွင် အစာရေစာဖြတ်ခံထားရသည့် မြန်မာအလုပ်သမား ၄၅ ဦးကို ကယ်ထုတ်နိုင်
DVB
·
January 22, 2019
တရုတ်နိုင်ငံတွင် အစာရေစာဖြတ်ခံထားရသည့် မြန်မာအလုပ်သမား ၄၅ ဦးကို ကယ်ထုတ်နိုင်
Donate to DVB

စစ်ကိုင်းတိုင်း ကနီ၊ ကလေး၊ မင်းကင်းမြို့နယ်တွေကနေ  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က လူခေါ်ပွဲစားတွေကတဆင့် တရုတ်ပြည်က စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်သမားအဖြစ် လုပ်ကိုင်ဖို့သွားခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးက အလုပ်ရှင်ကနေ အစာရေစာ ဖြတ်တောက်ထားလို့ အကူအညီပေးဖို့ စစ်ကိုင်းတိုင်းလူငယ်ရေးရာ ကော်မတီကို ဆက်သွယ် အကူညီတောင်းခံခဲ့တာပါ။

အကူအညီတောင်းခံပြီး  ၁၀ရက်ကျော်အကြာ ဒီမနက်အစောပိုင်းမှာတော့ အလုပ်သမားတွေကို  မြန်မာနိုင်ငံကို ချောချော မောမော ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေထဲမှာ ကနီမြို့နယ်က ၃၉ ဦး၊ ကလေးမြို့နယ်က ၃ ဦး၊ မင်းကင်းမြို့နယ်က ၂ ဦး စုစုပေါင်း ၄၅ ဦးပါဝင်ပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီတို့ ချိတ်ဆက်ကာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆိုင်မြို့မှာ ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။

စစ်ကိုင်းတိုင်း လူငယ်ရေးရာကောမတီဝင် ကိုဝင်းဇော်ခိုင်က “ သူတို့က ရှစ်လပိုင်းလောက်က လူခေါ်ပွဲစားတွေက လာခေါ်တာပေါ့။ ဟိုရောက်တော့ သူတို့ပြောသလို မဟုတ်တော့ဘူး။ အဲဒါကနေ ပြန်ပို့ဖို့ပြောတာကနေ အလုပ်လဲမခိုင်း၊ အစာရေစာလည်းဖြတ် အဲလိုလုပ်တာပေါ့။ သူတို့ဆီမှာက MPT ဖုန်းလိုင်းမိတယ်။ အဲဒါကနေ ချိတ်ဆက်နိုင်တာ။ ပြီးတော့ သူတို့နဲ့ အလုပ်သွားလုပ်ခဲ့သူထဲက ဆန်းမြင့်အောင်ဆိုတဲ့ကလေးကလည်း ပြန်ရောက်လာတယ်။ အဲဒါကနေလည်း အကြောင်းစုံသိပြီး သက်ဆိုင်ရာ တိုင်းအစိုးရ၊ လူကုန်တား၊ လူမှုဝန်ထမ်း အကုန်ချိတ်ဆက်ပြီးလုပ်ခဲ့တာ။ အခု ကယ်ဆယ်ရေးအပိုင်းမှာတော့ အကိုရယ်၊ ၈၈ ငြိမ်းပွင့်က ကိုဂျင်မီရယ်၊ လူကုန်တား ရဲချုပ်ရယ်နဲ့ ညှိနှိုင်းကယ်ဆယ်ခဲ့ကြတာ” လို့ ပြောပါတယ်။

လက်ရှိမှာကယ်ထုတ်ထားတဲ့ မြန်မာအလုပ်သမား ၄၅ ယောက်က အစာရေစာ ၄ ရက်ကြာ ဖြတ်ခံထားရတဲ့အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်နေပါတယ်။

မြန်မာအလုပ်သမားတွေ ဖုန်းကနေတဆင့်ပေးပို့တဲ့ မြေပုံအရ သူတို့ရှိနေတဲ့နေရာဟာ မူဆယ်မြို့နဲ့ မိုင်၉၀ ခန့်အကွာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ Baoshan, Shidian လို့ ဖော်ပြထားပါတယ်။ အဲဒီနေရာကို  မကွေးတိုင်းဘက်က မြန်မာအလုပ်သမား ၃၀ လောက် အသစ်ထပ်ရောက်လာပြီး အလုပ်လုပ်နေကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ ဆန်းမြင့်အောင်က တရားလိုပြုလုပ်ကာ ကနီမြို့မရဲစခန်းမှာ လူခေါ်ပွဲစား မရီရီအောင်ကို (ပ)၁၁/၂၀၁၉၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆၊ အခြားအမှုအနေနဲ့ ဇန်နဝါရီ ၁၇ ရက်က အမှုဖွင့်ထားပြီး မရီရီအောင်ကို ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။

ကနီမြို့နယ်မှာလည်း အလားတူဖြစ်စဉ်အဖြစ် မြန်မာ  ၁၅ ယောက်ကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013