DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ကွယ်လွန်
DVB
·
January 22, 2019
ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ကွယ်လွန်
Donate to DVB

ရုပ်ရှင်နဲ့ဗီဒီယိုဟာသသရုပ်ဆောင်၊ လူရွှင်တော် ကင်းကောင်ဟာ ဒီကနေ့မနက် ၇ နာရီလောက်က ကွယ်လွန်သွားပါတယ်။

သူဟာ ဒါရိုက်တာ ကျော်ဇောလင်းရိုက်ကူးမယ့် ဇာတ်လမ်းတွဲ တခုကို ပုပ္ပါးမှာသွားရောက် ရိုက်ကူးရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာပါ။

သူ့ရဲ့ရုပ်ကလာပ်ကိုတော့ ကျန်ရစ်သူမိသားစုက ရန်ကုန်ကို ပြန်လည်သယ်ဆောင်ဖို့ စီစဉ်နေကြပါတယ်။

အမည်ရင်းက ဦးမျိုးမြင့်လို့ခေါ်တဲ့ လူရွှင်တော် ကင်းကောင်ဟာ တက္ကသိုလ် ကျောင်းသား ဘဝအငြိမ့်ကခဲ့စဉ်က လူရွှင်တော် အရှည်ကြီးအဖြစ် လူသိများပြီး လူရွှင်တော်ဇာဂနာတို့နဲ့ မြပုဏ္ဏမာအငြိမ့်မှာ တွဲမိစဉ်မှာ ကင်းကောင်လို့ နာမည်ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် ကင်းကောင်ဟာ လတ်တလော ပြနေတဲ့ သာမိုမီတာ ဇာတ်လမ်းတွဲမှာ နောက်ဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဓာတ်ပုံ - ဇာဂနာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ကွယ်လွန်