DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ဝန်ကြီး ၁ ဦးကို တာဝန်က ရပ်စဲ၊ ၂ ဦးကို နုတ်ထွက်ခွင့်ပြု
DVB
·
January 22, 2019
ကချင်ပြည်နယ်ဝန်ကြီး ၁ ဦးကို တာဝန်က ရပ်စဲ၊ ၂ ဦးကို နုတ်ထွက်ခွင့်ပြု
Donate to DVB

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို တာဝန်ကနေ ရပ်စဲကြောင်း ဇန်နဝါရီ ၂၁ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက   ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးဖြစ်တဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ကိုလည်း သူတို့သဘောဆန္ဒအရ ပြည်နယ်ဝန်ကြီး တာဝန်ကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်ရဲ့ အမိန့်နဲ့ သီးခြား ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရဆိုပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်ဝန်ကြီး သုံးဦးကို မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ညွှန်ကြားခဲ့ကြောင်း မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးသုံးဦးကို ရာထူးကနေ နုတ်ထွက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ကြီးချုပ်ကိုယ်တိုင် ခေါ်ယူပြောကြားခဲ့တာဖြစ်ပြီး ခုလို ရာထူးကနေ နုတ်ထွက်ခိုင်းတာဟာ အုပ်ချုပ်ရေးအဖွဲ့ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာ ခုလို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ တာဝန်ကနေ ရပ်စဲတာနဲ့ နုတ်ထွက်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013