DVB Logo
Home
မြန်မာသတင်း
တာချီလိတ် စားသောက်ဆိုင်တွင် ပုခုံးချင်းတိုက်မိရာက သေနတ်ပစ်ခတ်မှုဖြစ်ပွား
DVB
·
January 21, 2019
တာချီလိတ် စားသောက်ဆိုင်တွင် ပုခုံးချင်းတိုက်မိရာက သေနတ်ပစ်ခတ်မှုဖြစ်ပွား
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က စားသောက်ဆိုင်တဆိုင်မှာ  ဒီမနက်အစောပိုင်းက လာရောက်စားသောက်သူနှစ်ဦး အပေါ့သွားရင်း ပုခုံးချင်း တိုက်မိရာကနေ ခိုက်ရန်ဖြစ်ပြီး  သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ၉၉၉ အကင်ဆိုင်မှာ ဒီမနက် ၁ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်သွားသူက ထိုင်းနိုင်ငံသား တဦးဖြစ်နိုင်ကြောင်း  စုံစမ်းချက်တွေအရ သိရတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။

တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က “စကားများရန်ဖြစ်ချိန်မှာ သေနတ်နဲ့ ပစ်သွားတဲ့သူက ထိုင်းလိုပြောတယ်လို့ပြောတယ်၊ အခုလက်ရှိတော့ သေနတ်နဲ့ပစ်ခတ်သူကို ဖမ်းမိဖို့ လိုက်ပြီး စုံစမ်းစစ်ဆေးနေဆဲပါ၊ အနီးအနားမှာရှိတဲ့ စီစီတီဗွီ မှတ်တမ်းတွေထဲ လိုက်စစ်နေပါတယ်။” လို့ ပြောပါတယ်။

အရက်သေစာသောက်စားပြီး အပေါ့သွားရာက ပုခုံးချင်းတိုက်မိတဲ့အတွက် မကျေမနပ် ဖြစ်ကာ အပြင်ထွက်ချိတ်မှာ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်သူဟာ အသက် ၂၀ ၀န်းကျင်လောက်ရှိတဲ့ လူငယ်တွေဖြစ်ကြပြီး အခင်းဖြစ်ပွားပြီးပြီးချင်း ကားပေါ်တက် မောင်းပြေးသွားသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရသူကကတော့ မြန်မာနိုင်ငံသား ကျိုင်းတုံက လာရောက်သူဖြစ်ပြီး သေနတ်ထိမှန်တာကြောင့် ယာဘက်နံရိုးအောက်ကို ကျဉ်ဖောက်ဝင်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရပါတယ်။

တာချီလိတ်မြို့ဟာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့အတွက် တဖက်နိုင်ငံသားတွေ လက်နက်ကိုင် ပြီး တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်နေကြသူတွေရှိသလို မူးယစ်သောက်စားပြီး သေနတ်ပစ်ခတ်မှု မကြာခဏဖြစ်လေ့ရှိပါတယ်။

အခုလို သေနတ်ပစ်ခတ်မှုဟာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရ၀န်ကြီးတွေ တာချီလိတ်ခရီးစဉ် ရောက်ရှိချိန်မှာ ဖြစ်ပွားခဲ့တာပါ။

သေနတ်ပစ်ခတ်မှုကိုတော့ တာချီလိတ်မြို့မရဲစခန်းက (ပ)၃၁/၂၀၁၉ ရာဇ၀တ်ပုဒ်မ ၃၀၇/၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013