DVB Logo
Home
မြန်မာသတင်း
မိုးမိတ်နှင့်မဘိမ်းတွင် ကျပ်သိန်း ၄၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 21, 2019
မိုးမိတ်နှင့်မဘိမ်းတွင် ကျပ်သိန်း ၄၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နဲ့ မဘိမ်းမြို့နယ်တို့မှာ ငွေကျပ်သိန်း ၄၆,၂၄၂ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲလောက်က မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုးမိတ်မြို့နယ်၊ မိုးမိတ်-မဘိမ်းကားလမ်း၊ မိုင်တိုင်အမှတ် (၄/၃) အနီးတွင် ဆွယ်ဟိန်း မောင်းနှင်လာတဲ့ MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

မော်တော်ယာဉ်ရဲ့ ကြမ်းခင်းနဲ့ ဘေးဘောင်အံဝှက်တွေအတွင်းမှ ဆပ်ပြာခွက် ၂၂၁ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၂ ဒသမ ၂၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ ဒသမ ၉ သိန်းနဲ့ လက်ကိုင်ဖုန်း တလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်အရ ည ၁၀ နာရီကျော်လောက်ကလည်း မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူး ကျေးရွာအနီးရှိ ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်း မြစ်ကူးတံတားမှာ ဝေလျှံအောင် (ခ) အမောင်လေးနဲ့ မတင်ဇာခိုင် (ခ) မခက်ခက်ခိုင်တို့ကို MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်းတလုံးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ဆွယ်ဟိန်း ဝေလျှံအောင် နဲ့ မတင်ဇာခိုင်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-MOH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013