DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်နေ
DVB
·
January 21, 2019
ရခိုင်စစ်ဘေးရှောင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်နေ
1 / 7
Donate to DVB

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက်မှုရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့ဟာ ဒီဇင်ဘာလဆန်းကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နဲ့ ကျောက်တော်မြို့နယ်မှာ လက်ရှိအချိန်အထိ ဒုက္ခသည်ပေါင်း ၆၀၀၀ လောက်ရှိနေ ပါတယ်။

ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို အရင်က အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီ ထောက်ပံ့တာတွေရှိပေမယ့် လက်ရှိအချိန်မှာ အစိုးရဘက်က အတိုင်းအတာတစ်ခုအထိ ထောက်ပံ့တဲ့အပေါ် ကြိုဆိုတယ်လို့ ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

အဲဒီလို ကူညီထောက်ပံ့တာတွေရှိပေမယ့် ဒုက္ခသည်စခန်းတိုင်းမှာ သန့်ရှင်းတဲ့ရေ မရရှိတဲ့အပြင် ဆောင်းရာသီအအေးပိုတာကြောင့် အ၀တ်အထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

“သန့်ရှင်းတဲ့ရေ ရရှိမှုက အင်မတန်အခက်အခဲတွေ ရှိနေတယ်။ နောက်တခုက သန့်ရှင်းရေး ကိစ္စတွေ အဲဒီလိုပဲ လူတွေကနေ ဖြစ်ကတတ်ဆန်း ဟိုစနစ်တကျမဟုတ်တဲ့အတွက် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး ထိခိုက်မှုတွေရှိနေတယ်”လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေကို တတ်နိုင်သလောက်ပေးနေတာကြောင့် အခက်အခဲသိပ်မရှိပေမယ့် သောက်သုံးရေ ရရှိမှုနဲ့ အ၀တ်အထည်လိုအပ်မှုတွေက ဒုက္ခသည်စခန်းတိုင်း ရှိနေတာပါ။

ကျောက်တော်မြို့နယ် ၀ါးတောင်စစ်ဘေးရှောင်စခန်းမှာ ဇန်န၀ါရီ ၆ ရက်က လူဦးရေ ၁၃၀၀ ကျော်ရှိပေမယ့် လက်ရှိမှာတော့ အခက်အခဲတချို့ရှိတဲ့အပေါ် တခြားစခန်းတွေကို ပြောင်းရွှေ့ သွားကြတာကြောင့် လူဦးရေ ၁၂၆၆ ဦးသာရှိတော့တယ်လို့ စခန်းတာဝန်ခံ  ဦးလှမောင်သာက ပြောပါတယ်။

“အလှူရှင်ကတော့ ရောက်ပါတယ်။ အခုတော့ ရောက်ပါတယ်။ အခက်ခဲကတော့ နည်းနည်းတော့ ရှိပါတယ်။ ရှိတာက အခုမနက်စောစောကတင် ၀ါးတောင်အုပ်ချုပ်ရေးမှူးနဲ့ ကျနော်တို့ ဒုက္ခသည်အဖွဲ့နဲ့ စကားများကြတယ်လေ။ အဲဒီစကားများတာက ကျနော်တို့ ဆန်ဝေ နေတဲ့ဟာကို သူကမကြိုက်ဘူးဆိုလို့ အခုဆန်အိတ်တွေ အကုန်လုံးပြန်ချပေးထားတယ်။”

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲဒုက္ခသည်စခန်းမှာတော့ လက်ရှိမှာ ဒုက္ခသည်ပေါင်း ၃၄၀ ကျော်ရှိနေပြီး တခြားစခန်းတွေက ၀င်ရောက်ဖို့ ရှိတာကြောင့် ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ စခန်းတာဝန်ခံ ဦးမောင်လှဖြူက ပြောပါတယ်။

“လိုအပ်ချက်တွေက စားနပ်ရိက္ခာတော့ အဓိက လိုအပ်မယ်ထင်တယ်။ အဲဒါပဲ အရေးအကြီးဆုံးပါ”

တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်က ဒုက္ခသည်စခန်းသုံးခုမှာ လူဦးရေ ၂၀၀၀ နီးပါးလောက်ရှိနေတဲ့အတွက် အများဆုံးဖြစ်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ စစ်ဘေးရှောင် ဒုက္ခသည် ၇၀၀ လောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013