DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့မည်
DVB
·
September 18, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့မည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ၀ါရှင်တန်မှာရှိတဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ ဒေသ စံတော်ချိန် မနက် ၈ နာရီခွဲ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံတဲ့ အစည်းအဝေး အစီအစဉ်နဲ့ပတ်သက်လို့ မရရှိသေးပေမယ့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ တခြားအရေးကြီးတဲ့ နိုင်ငံရေးအပြောင်းလဲတွေ ကို ဆွေးနွေးကောင်း ဆွေးနွေး နိုင်တယ်လို့ အမေရိကန်သတင်းစာတွေမှာ ခန့်မှန်းနေကြပါတယ်။

[caption id="attachment_30956" align="alignleft" width="300" caption="၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက ဟီလာရီကလင်တန်နဲ့ တက္ကရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်"][/caption]

အမေရိကန်ပြည်ထောင်စုသို့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံး ရောက်ရှိ လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒီနေ့ ဝါရှင်တန်မြို့ မှာ ကြိုဆိုတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၉ လခန့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြ ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၈ ရက်ကြာ အမေရိကန်ခရီးစဉ်မှာ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကန်တို့က အထူးဧည့်သည်အဖြစ် ကြိုမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ကွန်ဂရက်ရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်ဖြူတော်ကလည်း  ဖိတ်ကြားဖွယ်ရှိတယ်လို့ ၀ါရှင်တန် အခြေစိုက် အေပီသတင်းက ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးမထွက်ခင် နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့အခမ်းအနားအတွက် အဖွဲ့ချုပ်ပေးပို့တဲ့သ၀ဏ်လွှာမှာ ဒီမိုကရေစီခေတ်ဦးကို ရောက်ပြီလို့ သုံးနှုန်းခဲ့သလို ပါတီနာယက ဦးတင်ဦးကလည်း စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသင့်ပြီလို့ မှတ်ချက်ပေးခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013