DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပဘုရားဖူးကား သစ်ပင်ဝင်တိုက်၊ ခရီးသည်အချို့ ဒဏ်ရာရ
DVB
·
January 21, 2019
အလောင်းတော်ကဿပဘုရားဖူးကား သစ်ပင်ဝင်တိုက်၊ ခရီးသည်အချို့ ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ၊ အလောင်းတော်ကဿပ ဘုရားဖူးလမ်းမှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် မှန်လုံးကားတစီးယာဉ်မတော်တဆမှုဖြစ်ကာ သစ်ပင်ဝင်တိုက်လို့  ခရီးသည်တချို့ ထိခိုက်ဒဏ်ရာရသွားပါတယ်။

အလောင်းတော်ကဿပကနေ ဘုရားဖူးပြန်လာတဲ့ ခရီးသည်တင် မှန်လုံယာဉ်ဟာ အလောင်းတော်ကဿပလမ်း နတ်ထိပ်အဆင်းမှာ ကားဘရိတ်ပေါက်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့လို့ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့ပြီး မုံရွာဆေးရုံကြီးကို ပို့ကာ ဆေးကုသမှုခံရခဲ့ရတာပါ။

ယာဉ်မောင်း စိုးလင်းထွန်း မောင်းနှင်လာတဲ့ ၆ခ/၃၇၆၉ ဖြူနီကြားမှန်လုံကားပေါ်မှာ ခရီးသည် ၃၀ ဦး လောက်လိုက်ပါခဲ့ပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့လို့ ၁၃ ဦးက ပေါက်ပြဲပွန်းပဲ့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိဘူးလို့ ရဲကင်းမှူး ဒုရဲအုပ် နေလင်းဦးက ပြောပါတယ်။

“ရိုးရိုးဖြစ်တာပါပဲ။ ဘရိတ်ပေါက်သွားတာပါ။ သေဆုံးတာတော့ မရှိပါဘူး။ နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာရတာလောက်ပဲ ရှိခဲ့တာပါ။” ။”လို့ ပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ကားက လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့တဲ့အတွက် ကားဦးခေါင်းပိုင်းကြေမွသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅ သိန်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ ကားသမားစိုးလင်းထွန်းကို ကနီမြို့မရဲစခန်းမှာ ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဂုံညင်းပင်စခန်းအနီးမှာ ဘုရားဖူးကား တစီး ယာဉ်မတော်တဆမှုဖြစ်ပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တဦး သေဆုံးခဲ့ပါတယ်။

အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ဇန်နဝါရီ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တာပါ။ နှစ်စဉ် ယာဉ်မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထရှိပြီး လူသေဆုံးတာတွေလည်း ဖြစ်တတ်ပါတယ်။

အလောင်းတော်ကဿပ ဘုရားဖူးရာသီကို ပွင့်လင်းရာသီ လေးလတာကာလ သတ်မှတ်ထားပြီး နှစ်စဉ် အနယ်နယ်အရပ်ရပ်က လူဦးရေ သိန်းချီလာရောက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013