DVB Logo
Home
မြန်မာသတင်း
ဈေးကွက်လိုအပ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများစာအုပ် ပြန်ထုတ်ဝေမည်
DVB
·
January 21, 2019
ဈေးကွက်လိုအပ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများစာအုပ် ပြန်ထုတ်ဝေမည်
Donate to DVB

ဈေးကွက်လိုအပ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများစာအုပ်ကို ပြန်ထုတ်ဝေမယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကိုလည်း ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

တွံတေးမဲဆန္ဒနယ်က ကိုယ်စားလှယ်  ဦးမြင့်လွင်က မေးမြန်းခဲ့တာဖြစ်ပြီး ပြည့်စုံတဲ့၊ နိုင်ငံတကာက ခန့်ညားလေးစားလောက်တဲ့ အတ္ထုပ္ပတ္တိစာအုပ်ပေါ်ထွက်ဖို့အတွက် အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ပြောပါတယ်။

ပြန်ကြားရေး ဒု ဝန်ကြီး ဦးအောင်လှထွန်းက လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ထုတ်ဝေခဲ့တဲ့ စာအုပ်ကို အခု ပြန်ထုတ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်အနေနဲ့ ၁၉၇၁ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ၊ ၁၇၊ ၃ ၄၅ က ၁၉၊ ၇၊ ၄၇ ထိ စာအုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါ ဈေးကွက်လိုအပ်ချက်အရ ဒီစာအုပ်ကို ပြန်လည် ပုံနှိပ်ထုတ်ဝေဖို့ စီနေနေတာကို ဦးစွာတင်ပြလိုပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက် ဦးစီးဌာန အနေနဲ့လည်း အထ္ထုပ္ပတ္တိစာအုပ်အတွက် စာမူကြမ်း ပြီးနေပြီလို့လည်း ပြောပါတယ်။

ဒီစာအုပ်မှာ အခန်း ၆ ခန်း ပါဝင်ပြီး လူငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်မှုကာလ၊ စစ်ဝန်ကြီးဘဝနဲ့ အမျိုးသားခေါင်းဆောင်ဆိုပြီး ရေးသားထားတယ်လို့ ဒု ဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013