DVB Logo
Home
မြန်မာသတင်း
မြောင်​​ကျေးရွာတွင်​ အေဒီ ၁၃ ရာစု ​ရှေး​ဟောင်းဘုရား​စေတီ ၂၇ ဆူ တူး​ဖော်​​တွေ့ရှိ
DVB
·
January 21, 2019
မြောင်​​ကျေးရွာတွင်​ အေဒီ ၁၃ ရာစု ​ရှေး​ဟောင်းဘုရား​စေတီ ၂၇ ဆူ တူး​ဖော်​​တွေ့ရှိ
Donate to DVB

ညောင်​ဦးခရိုင်​၊ ​ညောင်​ဦးမြို့နယ်​ စဥ့်ကူတိုက်​နယ်​၊ ကြအို​ကျေးရွာအုပ်​စု ​မြောင်​​ကျေးရွာမှာ အေဒီ ၁၃ ရာစုမှ ​ရှေး​ဟောင်း ​စေတီ​တော်​ ၂၇ ဆူကို တူး​ဖော်​​တွေ့ရှိထားပြီး နောက်ထပ် အနည်းဆုံး ၆ ဆူလောက်ရှိသေးတယ်​လို့ စတင်​ရာက​နေ ပါဝင်​​ဆောင်​ရွက်​​နေသူ ဦးချစ်​ဦးက ​ပြောပါတယ်​။

“ခြုံနွယ်​​တွေ ကြားထဲက​နေ ၂၀၁၈ ခုနှစ်​ ၃ လပိုင်း ဝန်းကျင်​က စတင်​​ဆောင်​ရွက်​ခဲ့ပြီး လိုအပ်​တဲ့ လမ်းအတွက်​လည်း ယာခင်းရှင်​​တွေဆီက အလှူခံခဲရပြီး လက်​ရှိအ​ခြေအ​နေကို​တော့ ပြုပြင်​ပြီး ​စေတီ ၁၅ ဆူ ​နောက်​ထပ်​ တူး​တော့ တူးပြီးပြီ၊ မပြင်​ရ​သေးတဲ့ ​စေတီက ၁၂ ဆူ ​ပေါင်းလိုက်​​တော့ ၂၇ ဆူ၊ ​နောက်​ထပ်​​မြေကြီးထဲမှာ အနည်းဆုံး ၆ ဆူ​လောက်​ ရှိ​နေ​သေးတယ်​၊ အားလုံး ၃၃ ဆူ။ ကျနော်​တို့ နဂိုက ချုံ​တွေ ​ပေါင်း​တွေ မရှင်းခင်​က ၁၁ ဆူ​လောက်​ရှိမယ်​လို့ ခန့်​မှန်း ခဲ့​ပေမယ့် အခု​တော့ ၃၃ ဆူ ဟာ အနည်းဆုံးပဲ။ နောက်​ထပ်​လည်း ထပ်​ပြီး​ပေါ်နိုင်​​သေးတဲ့ ကုန်း​တွေရှိ​နေ​သေးတယ်​။ ၁၉၆၀ ခုနှစ်​ ဒီဇင်​ဘာလက ​ရှေး​ဟောင်းဌာနက ​​ရွှေဘုံသာက​နေ ​ကျောက်​စာကို သိမ်းဆည်းသွားပါတယ်​။ အဲဒီ​ကျောက်​စာရဲ့ ခုနှစ်​အရ နှစ်​​ပေါင်း ၇၉၀ တနည်းအားဖြင့် AD ၁၃ ရာစု အနည်းဆုံးရှိနိုင်​ပါတယ်​။ အဲဒါ​ကြောင့် ပုဂံ​ခေတ်​က ရွာကြီး ၁၉ ရွာကို စ​ကေးချ​ပြောပါဆိုရင်​ စဥ့်​ကူရွာနဲ့ အနီးဆုံးဖြစ်​ပါတယ်​။”

ရှေး​ဟောင်းသု​တေသနဌာန ညွှန်​ကြားရေးမှူ (ငြိမ်း) ဦး​အောင်​ကြိုင်​က “မကြာမကြာ လာ​ရောက်​​ဆောင်​ရွက်​​နေပြီး ပုဂံ​ညောင်​ဦးမြို့နယ်​ သံဃာ့နာယကဆရာ​တော်​ကြီး ဦးပညာသီရိ သြဝါရအတိုင်း တူးဖော်​ရာမှာ​တွေ့ရှိတဲ့ ​ရွှေလို့ယူဆရတဲ့ လက်​​ကောက်​နှစ်​ကွင်းနဲ့ ​ကြေညို​ရောင်​ဖလား စတဲ့ တန်​ဖိုးရှိပစ္စည်း​တွေကိုလည်း ​တွေ့ရှိတယ်၊ ဘုရား​နေရာအတို​င်း ဌာပနာ ပြန်​လည်​ထည့်သွင်းခဲ့တယ်”​ လို့ ပြောပါတယ်​။

မြောင်​ ​ကျေးရွာတာဝန်​ခံ ဦး​ငွေ​ပေါ်က “နဂိုတုန်းက ​ရွှေဘုံသာ ​ရှေး​ဟောင်းဘုရားတဆူသာ ဖူး​မြော်​နိုင်​ရတဲ့ အ​နေအထားပါ။ အဲဒီက​နေ ဦးချစ်​ဦး၊ ​ဒေါ်ယာဉ်​နွဲ့နဲ့ ဦးညွှန့်​​မောင်​တို့ ​ရောက်​ရှိလာပြီး ​ရှေး​ဟောင်းဘုရားကို ပြုပြင်​ချင်​တယ်​ဆိုပြီး လာ​ပြောလို့ သက်​ဆိုင်​ရာ ဌာနအသီးသီးကို တင်​ပြပြီး​တော့ အဲဒီက​နေ ​တဖြည်းဖြည်းနဲ့ ဦးချစ်​ဦးတို့နဲ့ ​မြောင်​​ကျေးရွာ လယ်​ကန်​​ကျေးရွာနဲ့တင်​ မဖြစ်​​တော့ဘဲ တခြားရွာ​တွေကိုလည်းဖိတ်​ပြီး ပရဟိတအသင်း​တွေ​ကော ဝိုင်းဝန်း​ဆောင်​ရွက်​ကြလို့ ဒီ​နေ့ ဒီအ​ခြေအ​နေထိ ဖြစ်​လာတာပါ။ အလှူရှင်​လည်း လိုအပ်​​နေပါတယ်​။ ရေမီးကအစအခက်​အခဲ​​တွေ ရှိ​နေပါတယ်​။ အားလုံးအလှူရှင်​အ​နေနဲ့ ဘု​ရား​တွေ ပြုပြင်​မွမ်းမံဖို့တင်​ သိန်း ၁၀၀၀ ​လောက်​ လိုအပ်​မှာပါ။ ရေနဲ့ပတ်​သက်​ရင်​ ကျနော်​တို့​နေရာက ​ပေ ၆၀၀ ​​ကျော်​​လောက်​တူးမှ ​ရေရတာ ဆို​တော့ သိန်း ၂၀၀ ဝန်းကျင်​နဲ့ လျှပ်​စစ်​မီးက ဒီနား​လေး ဇရပ်​နားဆွဲမယ်​ဆိုရင်​ကို သိန်း ၂၀၀ ​လောက်​ကုန်​လိမ့်​မယ်​လို့ ခန့်​မှန်းထားပါတယ်​”လို့ ​ပြောပါတယ်​။

ရွှေဘုံသာ ​ရှေး​ဟောင်းဘုရား​စေတီ​တွေ တူး​ဖော်​ပြင်​ဆင်​​နေလို့ အခုဆိုလျှင်​ ​ဘုရားဖူးလာ​​ရောက်​သူ၊ လုပ်​အား​ပေးဒါန ပြုလုပ်​သူတွေလည်း ရှိနေကြပြီး ချောက်​-​ညောင်​ဦး ကားလမ်း ​မီး​လောင်​ဖျား ​ကျေးရွာမှ အ​ရှေ့ဘက်​(၁)မိုင်​​ကျော်​ လယ်​ကန်​ ​ကျေးရွာနဲ့ ​မြောင်​​ကျေးရွာ ခြားမှာ ​တွေ့ရမှာဖြစ်​ပါတယ်​။

သတင်း - ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013