Home
မြန်မာသတင်း
ကရင်​နီလူငယ်​နှင့် တအာင်းလူငယ်များ​ ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံ​ဆွေး​နွေး
DVB
·
January 21, 2019
50226124_420296565209111_8435388822442737664_o
ကရင်နီလူငယ်​အင်​အားစုနဲ့ တအာင်းလူငယ်​​တွေအကြား ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့ ရိုးရာယဉ်ကျေးမှုကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့ ကယားပြည်​နယ်​၊ လွိုင်​​​ကော်​မြို့ရှိ ကရင်​နီ ပြည်​လူငယ်​များသမဂ္ဂ(ယူ​ကေအက်​စ်​ဝိုင်​)ရုံးမှာ ဇန်​နဝါရီ ၂၀ ရက်​​က ​တွေ့ဆုံ​နွေးခဲ့ကြပါတယ်​။ အခုလို​တွေ့ဆုံတဲ့အ​ပေါ် တအာင်း​ကျောင်းသားနှင့်​ လူငယ်​အဖွဲ့ရဲ့ အ​ထွေ​​ထွေအတွင်း​ရေးမှူး​ ​လွေးလှားရိုန်းက “သူတို့လည်း လူငယ်​အဖွဲ့ဖြစ်​တယ်​။ ကျမတို့လည်း လူငယ်​အဖွဲ့ဖြစ်​တယ်​။ ဒါက အချင်းချင်း ကွန်​ရက်​​တွေချိတ်​ဆက်​နိုင်​​အောင်​နဲ့ ကျမတို့က ဒီအ​ပေါ်မှာ အ​ခြေခံပြီး ဘယ်​လို ပူး​ပေါင်း​ဆောင်​ရွက်​မလဲဆိုတဲ့ရည်​ရွယ်​ချက်​​လေးနဲ့ ဒီ​တွေ့ဆုံပွဲကို လုပ်​ရခြင်းဖြစ်​ပါတယ်​”လို့ ​ပြောပါတယ်​။ ဒီ​တွေ့ဆုံ​ဆွေး​နွေးပွဲမှာ နှစ်​ဖက်​အဖွဲ့အစည်းအ​ကြောင်း​ကို မိတ်​ဆက်​တာ​တွေ၊ ​ဒေသတွင်း ငြိမ်းချမ်း​ရေးနဲ့ နိုင်​ငံ​ရေးအ​ခြေအ​နေ​တွေကို ​ဆွေး​နွေးဖလှယ်​တာ​တွေ ​ပြုလုပ်​ခဲ့ကြတာပါ။ ဒါ့အပြင်​ နှစ်​ဖက်​အပြန်​အလှန်​ ရိုးရာယဉ်​​ကျေးမှုဖလှယ်​တာ​တွေနဲ့ တိုင်းရင်းသား​တွေနဲ့ ဆိုင်​တဲ့ကိစ္စ​တွေမှာ ပူး​ပေါင်း​ဆောင်​ရွက်​တာ​တွေ လုပ်​​ဆောင်​သွားမယ်​လို့ ဆိုပါတယ်​။ ယန်းမျိုးဆက်​သစ်​လူငယ်​ရဲ့ တွဲဖက်​အတွင်း​ရေးမှူး(၂) ခွန်း​သောမတ်​စ်​က ​“တိုင်းရင်းသား လူငယ်​​တွေ များများ​တွေ့ဆုံ​လေ​လေ၊ တိုင်းရင်းသား​ဒေသမှာ ဖြစ်​​နေတဲ့ အ​ကြောင်းအရာ​တွေ အလိုက်​ များများ​ဖော်​ထုတ်​နိုင်​မယ်​။ ပြဿနာ​တွေကို တဖြည်းဖြည်း​ဖြေရှင်းတဲ့ ပုံစံမျိုးက​တော့ ပိုပြီးအ​ထောက်​အကူပြုနိုင်​မယ်​လို့ ကျ​နော်​ထင်​တယ်​။ ကျ​နော်​တို့တင်​ မဟုတ်​ပါဘူး။ တခြား​သော လူမျိုးစုလူငယ်​​တွေလည်း ပုံမှန်​​တွေ့ဆုံနိုင်​တဲ့ ဆုံရပ်​တခုရှိနိုင်​ရင်​​တော့ ပို​ကောင်းမယ်​”လို့ ပြောပါတယ်​။ ကရင်​နီလူငယ်​အင်​အားစု​တွေနဲ့ တအာင်းလူငယ်​​တွေ ခုလို​တွေ့ဆုံ​ဆွေး​နွေးတာဟာ ပထမဆုံးအကြိမ်​လည်းြ​ဖစ်​ပါတယ်​။ တွေ့ဆုံ​ဆွေး​နွေးပွဲမှာ ကယားပြည်​နယ်​​ကျောင်းသားများသမဂ္ဂ၊ ကယန်း မျိုးဆက်​သစ်​လူငယ်​၊ ကရင်​နီအမျိုးသားလူငယ်​အစည်းအရုံးနဲ့ ကယန်းအမျိုးသမီးအစည်းအရုံး အပြင်​ ကရင်​နီပြည်​​တောင်​သူလယ်​သမားများ သမဂ္ဂအဖွဲ့​တွေ ​ပါဝင်​ခဲ့ကြတာဖြစ်​ပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024