DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ရုပ်ရှင်အတွက် သရုပ်ဆောင်များထပ်မံ ခေါ်ယူမည်
DVB
·
January 21, 2019
ဗိုလ်ချုပ်ရုပ်ရှင်အတွက် သရုပ်ဆောင်များထပ်မံ ခေါ်ယူမည်
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးဖို့အတွက် လက်ရှိသရုပ်ဆောင်တွေအပြင် လိုအပ်တဲ့ သရုပ်ဆောင်တွေ ထပ်မံခေါ်ယူသွားမယ်လို့ ဇန်နဝါရီ ၂၀ ရက်က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အစည်းအဝေးမှာ ဒါရိုက်တာ လူမင်းကပြောပါတယ်။  

အစည်းအဝေးဆုံးဖြတ်ချက်အရ ပါဝင်မယ့် သရုပ်ဆောင်တွေကို စာရင်းပြုစုပြီး ဖြစ်သလို သရုပ်ဆောင်လိုအပ်ချက်ရှိတာကြောင့် ထပ်မံခေါ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ရွေးချယ်တဲ့အပိုင်းကိုတော့ ဇာတ်ကောင်တွေနဲ့ တူညီတဲ့ ရုပ်ရည် အရပ်မောင်း နဲ့ အသက်အရွယ်ကိုကြည့်ပြီး ရွေးချယ်သွားမှာဖြစ်ပြီး မီဒီယာတွေကနေတဆင့် တလအတွင်း တရားဝင်ကြေညာ ခေါ်ယူသွားမယ်လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမယ့်အပိုင်းကတော့ ဇာတ်ဝင်ခန်း ၁၁၆ ခန်းကို သမိုင်းအထောက် အထားတွေကြည့်ပြီး ဒီနေ့အစည်းအဝေးပွဲမှာ အတည်ပြုချက်ရယူရတာဖြစ်တယ်၊ ရိုက်ကူးဖို့ ဇာတ်ညွန်းအတွက် ပြန်ရေးမှာဖြစ်တဲ့အတွက် ရိုက်ကူးမယ့်အချိန်ကို အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီရုပ်ရှင်ကားကို ပြည်ပအထိဖြန့်ချိပြသနိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ဇာတ်ညွန်းပြီးစီးသွားပါက  ဘာသာပြန်ပြီး အင်္ဂလိပ်ဘာသာနဲ့ စာတန်းထိုးဖို့လည်း အစီအစဉ် ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို  ၂၀၁၉ခုနှစ်မှာ အပြီးရိုက်ကူးပြီး ၂၀၂၀မှာ ပြသနိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို မီအောင်တော့ ကြိုးစားသွားမယ်လို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။

နိုင်ငံတော်အဆင့် တာဝန်ယူရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို ကျပ်သိန်းပေါင်း ၁၅၀၀၀ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ဝင်ခန်း ၁၁၆ ခန်းနဲ့ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်က စပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးဖို့ တာဝန်ယူလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013