DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၄ လုံး မီးလောင်
DVB
·
January 20, 2019
မင်းပြားတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၄ လုံး မီးလောင်
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စမ္ဘလေကျေးရွာမှာ ဒီကနေ့မနက်အစောပိုင်းက မီးကြွင်းမီးကျန်ကနေတဆင့် ကူးစက်ပြီး နေ့အိမ် ၄ လုံး မီးလောင်ကျွမ်းသွားတယ်လို့ မင်းပြားမြို့မီးသတ်ဌာနက ဒီဗွီဘီကိုပြောပါတယ်။

မင်းပြားမြို့ မင်းသတ်ဦးစီးမှူးက “ဒီကနေ့ လောင်သွားတာ နေအိမ် ၄ လုံးပါသွားတယ်။ ထမင်းချက်ပြီး ထားခဲ့တဲ့ မီးကြွင်းမီးကျန်ကနေလောင်တာပေါ့။ ဒီကနေ့ မနက်ပိုင်း ၁ နာရီ ၃၀ ကစလောင်တာ၊ နေအိမ် ၄ လုံးကို မီးလောင်းသွားပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီမီးဟာ စမ္ဘလေ ကျေးရွာက ဦးအဒူလာကိန်းအိမ်ကနေ စတင် မီးလောင်းခဲ့တာဖြစ်ပြီး မီးလောင်းမှုကြောင့် ဘေးနားက နေအိမ် ဝါးထရံအိမ်တွေကို ကူးစက်သွားတာလို့ မင်းပြားမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။

မင်းပြားမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ကျေးရွာသူ/ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရတယ်လို့ မီးသတ်ဦးစီးမှူးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ မင်းပြားမြို့ဥက္ကာပျံရပ်ကွက်မှာ ဘုရားမီးပူဇော်ရာမှ နေအိမ် ၁ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုလို နွေရာသီရောက်လာရင် ဓာတ်ဆီးဆိုင် မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က မြောက်ဦး ဓာတ်ဆီဆိုင်တန်း အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- Rakhine FireForce

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013