DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်း သုံးမြို့နယ်ကို  ၂၄ နာရီ မီးပေးနိုင်ပြီဟု လျှပ်​စစ်​နှင့် စွမ်းအင်​၀န်​ကြီး​ပြော
DVB
·
January 20, 2019
ရခိုင်မြောက်ပိုင်း သုံးမြို့နယ်ကို  ၂၄ နာရီ မီးပေးနိုင်ပြီဟု လျှပ်​စစ်​နှင့် စွမ်းအင်​၀န်​ကြီး​ပြော
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်ပြီလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောပါတယ်။

ဇန်န၀ါရီ ၁၉ ရက် မနက်​က ရခိုင်ပြည်နယ် မောင်တောမြို့မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၆၆ ကေဗွီ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဓာတ်အားလိုင်း (၄၂.၃)မိုင်၊ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ ဖွင့်ပွဲနဲ့ မောင်တောမြို့ကို လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးခြင်း အခမ်းအနားမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်​က ​ပြောလိုက်တာပါ။

“ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်၊ ၆၆/၁၁ ကေဗီအတွက်​ ကုန်ကျငွေစုစုပေါင်း ဘီလျှံ ၂၀ ကျော် သုံးစွဲခဲ့ပါတယ်။ မောင်တော  မီးလင်းပြီးတော့ နောက်တဆင့် ကြိမ်ချောင်းကျေးရွာအပါအဝင် နောက်ထပ်ကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓာတ်အားပေးဝေဖို့ ဂျပန်​နိုင်​ငံ ဂျိုက်ကာ ODA ​ချေးငွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဒီလိုဆောင်ရွက်လိုက်မယ် ဆိုရင်တော့ ထပ်မံပြီး အိမ်ထောင်စု ၂၈၂၇ စု၊ လူဦးရေ ၂၂၀၀၀ ကျော်ကို ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်တပြည်နယ်လုံးနဲ့ ကြည့်မယ်ဆိုရင်တော့ ခထီးရေအားလျှပ်စစ်စီမံကိန်းကို ဒီစက်ရုံကတော့ ၂၀၂၄/၂၅ ဘဏ္ဍာရေးနှစ်မှာ အပြီးတည်ဆောက်မှာဖြစ်ပြီး မဂ္ဂါဝပ် ၁၁၁ မဂ္ဂာဝပ် ထုတ်လုပ်နိုင်မှာဖြစ်တယ်။ ထို့အတူ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံးပြီး ၂၀၂၀/၂၁ ဘဏ္ဍာနှစ်အတွင်းမှာ မဂ္ဂါဝပ်၁၃၅ မဂ္ဂာဝပ် ထုတ်လုပ်သွာမှာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ လျှပ်စစ်လိုအပ်ချက်တွေပြည့်မီရုံမက မဟာဓာတ်အားလိုင်းမှတဆင့် မြန်မာနိုင်ငံရဲ့ ကျန်ဒေသတွေကိုလည်း ဖြန့်ဖြူးပေးနိုင်မှာဖြစ်တယ်” လို့ ပြောပါတယ်။

၆၆ ကေဗွီမှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဓာတ်အားလိုင်း ၄၂.၆၆ မိုင် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်တဲ့လုပ်ငန်းကို ၂၀၁၆ ခုနှစ် မတ်လမှ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ဓာတ်အား စတင်ပို့လွတ်နိုင်ခဲ့ပါတယ်။ မောင်တောမှ ဆက်သွယ်ပြီး ကြိန်ချောင်းရွာမှာ ခွဲရုံတည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်​။

မောင်​​တောမြိုနယ်​အတွက် ​လျှပ်​စစ်​ဓာတ်​အား ၂၄ နာရီ ရရှိပြီး​နောက်​ ​​ဆောင်​ရွက်​​ပေး သင့်တဲ့ အချက်​ ၅ ချက်​ကို မောင်​​တောမြို့ ရခိုင်​အမျိုးသားပါတီမှ ပြည်​သူလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှထွန်း​ကျော်​က ဖွင့်ပွဲအခမ်းအနားမှာ ပြည်​သူကိုယ်​စားတင်​ပြခဲ့ပါတယ်​။

“(က) မောင်တောခရိုင်အတွင်း နယ်စပ်တလျှောက် လုံခြုံရေးတပ်စခန်း ကင်းစခန်းရှိတဲ့ နေရာတိုင်းမှာ လျှပ်စစ်ဓာတ်အားအပြည်အဝရရှိနိုင်ရေး၊ (ခ) နိုင်ငံတော်၏ လုံခြုံရေးအတွက် အလွန်အရေးပါသော ဒေသဖြစ်နေတာနဲ့အညီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု နည်းနိုင်သမျှ နည်းနိုင်အောင်ဆောင်ရွက်ထားရှိရန် ဥပမာအားဖြင့် အရေးပေါ်မီးစက်ကြီးများ ထားရှိရန်၊ (ဂ)ပြည်သူလူထုမှ လျှပ်စစ်ဓာတ်အားနှင့်ပတ်သတ်ပြီး အတွေ့အကြုံနည်းပါးနေတဲ့အတွက် လျှပ်စစ် အန္တရယ်ကာကွယ်နိုင်မယ့် ပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လျှပ်စစ်ဌာနက ဦးဆောင်ပြီးကြီးကြပ် ဆောင်ရွက်ပေးပါရန်၊ (ဃ)လျှပ်စစ်ဓာတ်အားရရှိမူမရှိသေးတဲ့ ဌာနေ တိုင်းရင်းသားကျေးရွာများအား လျှပ်စစ်မီးရရှိရေး ဆက်လက်ကူညီဆောင်ရွက်ပေးပါရန်၊ (င)ပြည်သူများ လျှပ်စစ်ဓာတ်အားတပ်ဆင်မှု ကုန်ကျစရိတ်နှင့် မီတာခကြေးငွေကောက်ခံမှုကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဈေးနှန်းနှင့်အညီ ပွင့်လင့်မြင်သာစွာချပြကောက်ခံရန်။"

မောင်တော ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအား လျှပ်စစ်စမ်းသပ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မောင်တော မြို့ပေါ် ၅ ရပ်ကွက်ရှိ ၁၁ ကေဗွီဓာတ်အားလိုင်း ၉.၇ မိုင်၊ ၁၁/ ဝ.၄ ကေဗွီ ထရန်စဖော်မာ ၂၀ လုံးနဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၅.၈၄ မိုင်၊ စုစုပေါင်း အိမ်ထောင်စု ၅၁၉ စုအား ၂၄ နာရီ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနေတယ်လို့ သိရပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013