DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာတင်ခိုင်း
DVB
·
January 20, 2019
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာတင်ခိုင်း
Donate to DVB

ကချင်ပြည်နယ်အစိုးရရဲ့ ဝန်ကြီးဌာန သုံးခုက ပြည်နယ်ဝန်ကြီး ၃ ဦးကို ဇန်န၀ါရီ ၁၈ ရက်နေ့က နုတ်ထွက်စာ တင်ခိုင်းခဲ့တယ်လို့ ဝန်ကြီးတဦးက ပြောပါတယ်။

နုတ်ထွက်စာတင်ဖို့ အကြောင်းကြားခံရတဲ့ ဝန်ကြီးတွေဟာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်း၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသင်းလွင် နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးH လှအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက “၁၈ ရက်နေ့မနက် ကျနော့်ရုံးခန်းမှာ ထိုင်နေတုန်း ဝန်ကြီးချုပ်ခေါ်တယ်ဆိုလို့ ကျနော်သွားတွေ့တာ။ ဝန်ကြီးချုပ်ရုံးခန်းရောက်တော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖုန်းဆက်ပြီးတော့ ကျနော်တို့ နှုတ်ထွက်စာကို ယူခိုင်းလို့ ယူရခြင်း ဖြစ်တယ်" လို့ ပြောပါတယ်။

အခြားဝန်ကြီး နှစ်ဦးကတော့ ဒီသတင်းကို အတည်ပြုချက် မပေးခဲ့သလို သတင်းထုတ်ပြန်ဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ဆောင်ခြင်းမရှိဘူးလို့ ယူဆတဲ့အတွက် မြစ်ကြီးနားခရိုင် အန်အယ်လ်ဒီအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက အဂတိကော်မရှင်ကို တိုင်ကြားထားတာလည်းရှိပါတယ်။

ရှေ့နေ ဦးတင်ထွန်းသိန်းကတော့ “ဖွဲ့စည်းပုံ အခြေဥပဒေနဲ့ တက်လာတဲ့အစိုးရဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီပဲ ဖြစ်စေချင်ပါတယ်။ ဝန်ကြီးတဦးကို စွပ်စွဲပြစ်တင်မယ်ဆိုရင်၊ စွပ်စွဲတယ်ဆိုတာ နိုင်ငံတော်ပေါ် သစ္စာမစောင့်သိတာတို့၊ ကိုယ်ကျင့်တရား ပျက်ပြားတာတို့၊ ပေးအပ်ထားတဲ့ တာဝန်ကျေပွန်အောင် မထမ်းဆောင်တာတို့ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ အရပဲ စွပ်စွဲပြစ်တင်လို့ ရပါတယ်။ နုတ်ထွက်တယ်ဆိုတာ ခြေဥပုဒ်မ ၂၆၄ အရ ကာယကံရှင်ရဲ့ သဘောဆန္ဒအရပဲ နုတ်ထွက်လို့ ရပါတယ်။ တဦးတယောက်က ဖိအားပေးပြီး နုတ်စာတင်ခိုင်းလို့ မရပါဘူး။ ကျနော့်အနေနဲ့ကတော့ ဥပဒေနဲ့အညီပဲ ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။

အခုလို ၀န်ကြီး ၃ ဦး နုတ်ထွက်စာ တင်ခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းဆက်သွယ်လို့ မရရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013