DVB Logo
Home
မြန်မာသတင်း
အမေရိကန်မြစ်ထဲ ကြီးမားသည့် စက်ဝိုင်းပုံသဏ္ဌာန် ရေခဲချပ်ကြီး ပေါ်လာ (ရုပ်သံ)
DVB
·
January 20, 2019
အမေရိကန်မြစ်ထဲ ကြီးမားသည့် စက်ဝိုင်းပုံသဏ္ဌာန် ရေခဲချပ်ကြီး ပေါ်လာ (ရုပ်သံ)
Donate to DVB

အမေရိကန်နိုင်ငံ မိန်းပြည်နယ်က ပရီဆမ့်ပ်စကော့ မြစ်ထဲမှာ ဖြည်းဖြည်းချင်းလည်နေတဲ့ ရေခဲချပ်ကြီး သဘာဝအတိုင်း ပေါ်လာလို့ လူတွေတအံ့တသြ လာကြည့်နေတာပါ။

ဒေသတွင်း အေးခဲနေတဲ့ ရာသီဥတုကို ရင်ဆိုင်ပြီး လာကြည့်နေတာ ဖြစ်ပါတယ်။ ငှက်တွေလည်း ရေခဲချပ်ဘေး ဆင်းသက် နားနေကြပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကစပြီး ပေါ်လာတဲ့ မြစ်လယ်က ရေခဲချပ်စက်ဝိုင်းဟာ ဖြည်းဖြည်းချင်း လည်နေပြီး အရွယ်အစား ပိုကြီးလာတာ ခုတော့ ပေ ၃၀၀ ကျော် အချင်းထိ ကြီးလာပြီလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

ရေစီးအားကြောင့် မြစ်ထဲက ရေခဲချပ်တွေ တိုက်မိကြေမွပြီး စီးဆင်းလာတာပါ။ အဲဒီ ရေခဲအကြေစတွေဟာ မြစ်တွေစုဆုံရာ နေရာမှာ ရေဝဲကြောင့် ရေခဲမှုန်တွေက စုဝိုင်းလာပါတယ်။ အဲဒီကတဆင့် ရေခဲအဝိုင်းချပ်က လုံးဝစက်ဝိုင်းပုံ ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013