DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ကော်ပီဇာတ်ကားများကို ဆုမပေးဟု ရုပ်ရှင်အစည်းအရုံးပြော
DVB
·
January 20, 2019
ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ကော်ပီဇာတ်ကားများကို ဆုမပေးဟု ရုပ်ရှင်အစည်းအရုံးပြော
Donate to DVB

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ နိုင်ငံခြားရုပ်ရှင်တွေကို ကော်ပီကူးယူထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ကားဆုအကယ်ဒမီ ပေးအပ်သွားမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ပြောပါတယ်။

လာမယ့် မတ်လမှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ ကော်ပီကူးယူထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုပ်ရှင်ဇာတ်ကားဆု ပေးအပ်သွားမှာမဟုတ်ဘူးလို့ မြန်နိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

“ကော်ပီကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ ကိစ္စတွေပါ။ မြန်မာ့ရုပ်ရှင်မှာ ကော်ပီကားဆိုရင်တော့ တစ်အချက် ဇာတ်ကားဆုကို လုံးဝမချီးမြှင့်ပါဘူး။ သို့သော် တခြားဆုများကို ကျနော်တို့ စဉ်းစားတယ်။ သရုပ်ဆောင်၊ ဒါရိုက်တာ ထူးချွန်ရင်ချွန်သလို သူ့ရဲ့စံချိန်စံညွှန်းများ မီရင်မီသလို ပေးတယ်။ နောက်ဆုံးရေထားတဲ့ စည်းမျဉ်းစည်းကမ်းမှာဆိုရင် ဇာတ်ကားတကားဟာ ကော်ပီလုပ်ထားတယ်ဆိုရင် အဲဒါကားဟာ ဇာတ်ကားဆု လုံးဝ မပေးအပ်ပါဘူး။”

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ တာမွေမြို့နယ် အရှေ့မျဉ်းပြိုင်ကွင်း မှာရှိတဲ့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

၂၀၁၇ ခုနှစ်က ရုပ်ရှင်ဇာတ်ကား ၅၃ ကားကို အကယ်ဒမီပေးဖို့ အကဲဖြတ်စီစဉ်ခဲ့ရပြီး အခုနှစ်မှာတော့ ရုပ်ရုင်ဇာတ်ကားပေါင်း ၈၃ ကားကို အကယ်ဒမီပေးအပ်ဖို့ အကဲဖြတ်နေ ပါတယ်။ အကယ်ဒမီဆုကို ပရိသတ်တွေမျှော်မှန်းထားတဲ့သူတွေနဲ့ အကဲဖြတ်အဖွဲ့က ရွေးချယ်တဲ့သူတွေ တထပ်တည်းကျပါစေလို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကပြောပါတယ်။

“ပရိသတ်ကလည်း ကားကောင်းတာကို ကြည့်ချင်တဲ့စိတ် ဖြစ်လာကြပြီလေ။ အဲဒီတော့ ပရိသတ်ရစေချင်တဲ့လူနဲ့ တကယ်ကြိုးစားထားတဲ့ လူနဲ့ အကယ်ဒမီအဖွဲ့က ဆုံးဖြတ်တဲ့ ပညာရှင်တွေနဲ့ တထပ်တည်း ကျပါစေလို့ ဆုတောင်းချင်ပါတယ်။”

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ၂၀၁၈ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပဖို့ အတွက် အဓိက ပံ့ပိုးကူညီသူတွေကတော့ မွန်းမြန်မာ မီဒီယာ နဲ့ abc content solution တို့က မိန်း စပွန်ဆာအဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာပါ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြုလုပ်လာတာ ၆ နှစ်ရှိပြီဖြစ်ပြီး အကယ်ဒမီပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013