DVB Logo
Home
မြန်မာသတင်း
ယာဉ်တိမ်းမှောက်ရာမှ တရားမဝင်ဝင်ရောက်လာသူများ ဖမ်းမိ
DVB
·
January 20, 2019
ယာဉ်တိမ်းမှောက်ရာမှ တရားမဝင်ဝင်ရောက်လာသူများ ဖမ်းမိ
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၄/၂ အနီးမှာ ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်းက ယာဉ်မတော်တဆမှုတခု ဖြစ်ပွားခဲ့ရာမှ ယာဉ်ပေါ်ကနေ တရားမဝင် ၀င်ရောက် လာတဲ့ ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ဘက်သို့ မောင်းနှင်လာတဲ့ Super Custom ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးကို ထိုးကြတိမ်းမှောက်ခဲ့ကာ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းမှ သွားရောက်ကူညီစဉ် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“ယာဉ်တစီးတိမ်းမှောက်တယ်ကြားလို့ ဗောဓိကုန်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေ သွားကူညီတဲ့အချိန်မှာ ကားပေါ်မှာ ဘင်္ဂါလီတွေပါလာပြီး ဖမ်းမိတာပါ။ အခု လက်ရှိတော့ စခန်းက စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်”လို့ နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘင်္ဂါလီတွေကို ပဒါန်းလမ်းဆုံအနီးမှာ အောင်အောင် (ခ) အောင်ကျော်ဦးက စုဆောင်း ထားတာဖြစ်ပြီး အဲဒီကတဆင့် ပဒါန်း-မင်းဘူး-မကွေး တောင်ညိုလမ်းမှတဆင့် ရန်ကုန်- နေပြည်တော် ဘမ်းမကြီးအတိုင်း ရန်ကုန်ကို သယ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

တရားမဝင် ၀င်ရောက်လာသူတွေကို ရန်ကုန်အရောက် ၁ ဦးကို ၁၅ သိန်း ပေးဆောင်ရပြီး ရန်ကုန် ဘယ်နေရာကို ပို့ဆောင်ရမှာ မသိသေးကြောင်းနဲ့ ရန်ကုန်ရောက်ပါက အောင်အောင် (ခ) အောင်ကျော်ဦးကို ဖုန်းဆက်မှသာ သွားမယ့်နေရာကို ပို့ဆောင်ရမယ်လို့ တရားမဝင် ၀င်ရောက်လာသူတွေကို စစ်ဆေးနေသူတဦးထံကနေ သိရပါတယ်။

 

အခု တရားမဝင်ဝင်ရောက်လာသူတွေထဲမှာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အတွင်းရှိ ကလေးငယ် ၇ ဦးအပါအဝင် ကျား ၁၀ ဦး မ ၂ ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပြီး နေပြည်တော် အမြန်လမ်းမကြီးတိုးဂိတ်မှ ဖြတ်သန်းမောင်းနှင်လာတာလို့လည်း သိရပါတယ်။

အခုလက်ရှိမှာ ယာဉ်မောင်းကိုသာ ဖမ်းဆီးရမိထားပြီး အောင်အောင် (ခ) အောင်ကျော်ဦးမှ လွတ်မြောက်နေတဲ့အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ယာဉ်မောင်းနဲ့ အောင်အောင် (ခ) အောင်ကျော်ဦးတို့ကို ရာဇသတ်ကြီးပုဒ် ၃၆၇ နဲ့ အမှုဖွင့်လှစ်ထားပြီး တရားမဝင်ဝင်ရောက်လာသူတွေကို မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/၆(၃) တို့နဲ့ တရားစွဲဆိုသွားမယ်လို့လည်း သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013