DVB Logo
Home
မြန်မာသတင်း
ရှမ်းအ​ရှေ့တက္ကသိုလ်​ဝင်​တန်း​အောင်​ချက်​မြင့်မား​ရေး စာ​ဖြေစနစ်​ပုံစံသစ်​ ဟောပြောဆွေးနွေး
DVB
·
January 20, 2019
ရှမ်းအ​ရှေ့တက္ကသိုလ်​ဝင်​တန်း​အောင်​ချက်​မြင့်မား​ရေး စာ​ဖြေစနစ်​ပုံစံသစ်​ ဟောပြောဆွေးနွေး
Donate to DVB

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းဆတ်​ခရိုင်​ မိုင်းတုံမြို့နယ်​ရှိ တက္ကသိုလ်​ဝင်​တန်း ဝင်​​ရောက်​​ဖြေဆိုမယ့် ကျောင်းသား​ကျောင်းသူတွေကို တက္ကသိုလ်​ဝင်​တန်း​အောင်​ချက်​မြင့်မား​ရေး စာ​ဖြေစနစ်​ပုံစံသစ်​ကို ​တက္ကသိုလ်ဆရာဆရာမတွေက ဟော​ပြော​ဆွေး​နွေးခဲ့ကြပါတယ်။

ဇန်​နဝါရီလ ၁၉ ရက်​​နေ့ မနက်​ပိုင်းမှာ မိုင်းတုံမြို့ အထက်​တန်း​ကျောင်းခန်းမမှာ တက္ကသိုလ်​ဝင်​တန်း ဝင်​​ရောက်​​ဖြေဆိုမယ့် ၂ဝဝ လောက်ကို လာမယ့် တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ မှာ​ အောင်​ချက်​မြင့်မားလာ​စေ​ရေး ကျိုင်းတုံတက္ကသိုလ်​နဲ့ တောင်​ကြီးတက္ကသိုလ်​တို့က ပါ​မောက္ခ၊ တွဲဖက်​ပါ​မောက္ခ၊ ကထိကဆရာဆရာမကြီးတွေက စာ​မေးပွဲ​မေးခွန်းပုံစံသစ်​​ဖြေဆိုဖို့ နည်းလမ်းတွေကို ရှင်းလင်း​ဟော​ပြောခဲ့တာပါ။

ပြည်​နယ်​ပညာ​ရေးမှူးရုံး(ကျိုင်းတုံ)မှ လက်​​ထောက်​ပညာ​ရေးမှူး ဦးတင့်ဆွေက “​မေးခွန်းပုံစံ သစ်​မှာ သင်​ရိုးကို အလွတ်​ကျက်​မှတ်​​ဖြေဆိုတာထက်​ ​တွေး​ခေါ်စဉ်းစား​ဖြေဆို တတ်​ဖို့​ မေးခွန်းပုံစံ​တွေ ​ပြောင်းလဲထားပါတယ်​။ က​လေး​တွေစာ​ဖြေတဲ့အခါမှာ ဘာသာရပ်​အလိုက်​ ဘယ်​လို​မေးခွန်းပုံစံမှာ​ဖြေဆိုရမယ့် စဉ်းစား​တွေး​ခေါ်ရမယ့် နည်းလမ်း​တွေကို ပါ​မောက္ခ/ကထိက ဆရာဆရာမကြီး​တွေကိုယ်​တိုင်​ ခရိုင်​မြို့နယ်​အားလုံးကို ကွင်းဆင်း ​ဟော​ပြော​ဆွေး​နွေး ​ပေးခဲ့တာပါ” လို့ ​ ပြောပါတယ်​။

ကျိုင်းတုံတက္ကသိုလ်​မှ ပါ​မောက္ခ​ဒေါက်​တာထွန်း​အောင်​က “ဘာသာရပ်​အားလုံးအတွက်​ သက်​ဆိုင်​ ရာစာ​မေးပွဲ​မေးခွန်းထုတ်​မယ့် ဆရာဆရာမ​တွေ ကိုယ်​တိုင်​ ရှမ်းအ​ရှေ့တခုလုံး ​အောင်​ချက်​ရာခိုင်​နှုန်းမြင့်​မားလာ​စေဖို့နဲ့ မေးခွ​န်းပုံစံသစ်​ကို နားလည်​​ဖြေဆိုတတ်​​စေဖို့ ရှင်း​လင်း​ဆွေး​နွေးပြီး​ တွေး​ခေါ်စဉ်းစားပုံနည်းလမ်း​တွေကို သိမြင်​လာ​အောင်​ ပို့ချဆွေး​နွေးခဲ့ကြတာပါ” လို့ ဆိုပါတယ်​။

ရှမ်းအ​ရှေ့မှာ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ အောင်​ချက်​ရာခိုင်​နှုန်းမြင့်​မားလာ​စေဖို့ လူမှု​ရေးဝန်​ကြီး​ ဒေါက်​တာမျိုးထွန်းက ၂ဝ၁၈ ခုနှစ် ​ဒီိဇင်​ဘာ ၁ ရက်​​နေ့မှ ၃ ရက်​​နေ့အထိ ရှမ်းပြည်​နယ် ​ဖွံ့ဖြိုးတိုးတက်​​ရေးခရီးစဉ်​အတွင်း လမ်းညွှ​န်​ချက်​အရ ​ဆောင်​ရွက်​ခဲ့တာလို့ သိရပါတယ်​။

အောင်​​ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013