DVB Logo
Home
မြန်မာသတင်း
ပုဂံပြာသိုပွဲ (သို့) အာနန္ဒာ ဘုရားကြီးပွဲ​တော်​ ၉၂၈ ကြိမ်​​မြောက်​ ကျင်းပ
DVB
·
January 20, 2019
ပုဂံပြာသိုပွဲ (သို့) အာနန္ဒာ ဘုရားကြီးပွဲ​တော်​ ၉၂၈ ကြိမ်​​မြောက်​ ကျင်းပ
Donate to DVB

ညောင်​ဦးခရိုင်​၊ ညောင်​ဦးမြို့နယ်​ ပုဂံ​ရှေး​ဟောင်းယဉ်​​ကျေးမှု​ဒေသမှာ ပုဂံပြာသိုပွဲ (သို့) အာနန္ဒာ ဘုရားကြီးပွဲ​တော်​ကို ၉၂၈ ကြိမ်​​မြောက်​ ကျင်းပနေပါတယ်။

အာနန္ဒာဘုရား ​ဂေါပကဥက္ကဋ္ဌ ဦးမျိုးညွှန့်​က “အညာ​ဒေသ ပုဂံ​ဒေသ ဘုရားပွဲ​တော်​​တွေထဲ ကမှ ဒီပြာသိုပွဲ ဘာ​ကြောင့် အစည်​ကားဆုံးလို့ ဆိုရသလဲဆိုရင်​ လယ်​ယာနားတဲ့အချိန်​ လယ်​ယာထွက်​သီးနှံ​တွေလည်း ​ရောင်းလို့ဝယ်​လို့ ​ငွေ​ပေါ်တဲ့အချိန်​လည်းဖြစ်​ပြီး ၁၂ ပွဲလိုက်​​ ဈေးသည်​တွေကလည်း ဒီပွဲကို အ​လေးထားကြတယ်​။ တနှစ်​လုံးအသုံးပြုမယ့် လယ်​အတွက်​ ယာအတွက်​ ထွန်​တုံး​တွေ၊ ထယ်​သွား​တွေ၊ လူသုံးကုန်​​တွေ၊ အဝတ်​အစား​တွေ​အစုံ အ​ရောင်းအဝယ်​လုပ်​ကြတာ ​ငွေလည်း​ပေါ်တယ်။ လယ်​ယာကဏ္ဍ နားတဲ့အချိန်လည်းဖြစ်တယ်​။ ​နောက်​လယ်​ယာ ကဏ္ဍအတွက်​ ပြင်​ဆင်​ချိန်​လည်းဖြစ်​၊ ဒါ​ကြောင့် ပြာသို​ပွဲဟာ အရမ်းစည်တာပါ”လို့ ရှင်းပြပါတယ်​။

အဓိက ဘုရားပွဲ​တော်​ဟာ အလှူဒါနပြုတာဖြစ်​ပြီး ဘုရားကြီးအတွင်း တရားပွဲများ၊ ပဌာန်းပွဲတွေနဲ့ ပြာသိုလပြည်​​နေ့ မနက်​မှာ ပုဂံပတ်​ဝင်းကျင်​က သတင်းသုံးဆရာ​တော်​​တွေပင့် သံဃာ​တွေအပြင်​ အနယ်​နယ်​အရပ်​ရပ်​က ကြွ​ရောက်​လာတဲ့ သံဃာ​တော်​​တွေကို ဆွမ်းသပိတ်​ ​လောင်းလှူကြပြီး၊ ပုဂံ၊ ​တောင်​မှီ၊ ဝက်​ကြီးအင်း၊​ ညောင်​ဦး၊ မြင်းကပါ၊ သရိ အဲဒီကအပြင်​ လှည်းဝိုင်း​တွေနဲ့ လာ​နေကြတဲ့ လူ​တွေက ဆွမ်းသပိတ်​အပြင်​ ​မြေပဲ​တွေ လယ်​ယာထွက်​ကုန်​​ တွေကို လှူဒါန်းကြတာပါ။

အာနန္ဒာဘုရားကြီးပွဲ​တော်​ကို ပြာသိုလဆန်း ၈ ရက်​မှ ပြာသိုလကွယ်​အထိ (ဇန်​နဝါရီ ၁၃ ရက်​က​နေ ​ဖေ​ဖော်​ဝါရီ ၄ ရက်​အထိ တလနီးပါးကျင်းပပြီး ပြန်​ကျ​ဈေးသည်​ အလွတ်​ဆိုင်​ခန်း​ပေါင်း ၁၈၇၀ ခန်းရှိပြီး ဇာတ်​ပွဲတွေ အားကစားပွဲတွေနဲ့ နှစ်​စဉ်​ လှည်းဝိုင်းကြီး​တွေနဲ့ စည်စည်​ကားကား ကျင်းပလာခဲ့တာပါ။

အခုအခါမှာ နွားလှည်းအစီး​ရေ လာ​ရောက်​မှုနည်​ပါးလာပြီး ​ခေတ်​ကာလ အ​ပြောင်းအလဲ​ကြောင့် ကား​ ထော်လာဂျီတွေနဲ့ ​ပြောင်းလဲလာ​ရောက်​မှုကိုလည်း ယဉ်​​ကျေးမှု ပုံစံမပျက်​​အောင်​ လှည်းဝိုင်းကြီး​တွေ ပြန်​ဖြစ်​​အောင်​လည်း ကြိုးစား​နေတယ်​လို့ ဆိုပါတယ်။

သတင်း - ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013