DVB Logo
Home
မြန်မာသတင်း
အေအေအဖွဲ့ကို နှိမ်နင်းရန် အတိုင်ပင်ခံပြောကြားခဲ့မှု ထင်မြင်ချက်မပေးလိုဟု ဦးဇော်ဌေးပြော
DVB
·
January 20, 2019
အေအေအဖွဲ့ကို နှိမ်နင်းရန် အတိုင်ပင်ခံပြောကြားခဲ့မှု ထင်မြင်ချက်မပေးလိုဟု ဦးဇော်ဌေးပြော
Donate to DVB

အေအေအဖွဲ့ကို ပြတ်ပြတ်သားသားချေမှုန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မှာကြားချက်အတိုင်း လုပ်ဆောင်ခဲ့တာဆိုပြီး တပ်မတော်ရဲ့ ပြောကြားချက်အပေါ် အစိုးရအနေနဲ့ ထင်မြင်ချက် မပေးလိုကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော် သမ္မတ အိမ်တော်မှာ ဇန်န၀ါရီ ၁၉ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်ကနေ ဇန်န၀ါရီလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မှာကြားချက်အတိုင်းလုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပြောကြားချက်အပေါ် အစိုးရအနေနဲ့ ဘယ်လို မှတ်ချက်ပြုခြင်ပါသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဇော်ဌေးက “ဒါက privileged information ဖြစ်ပါတယ်။ အခြားထင်မြင်ချက် မပေးလိုပါဘူး” လို့ ဖြေကြားခဲ့တာပါ။

ဒါ့အပြင် အေအေအဖွဲ့ရဲ့ တိုက်ခိုက်လာမှုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်တယ်လို့ ဆိုပါတယ်။

“မကြာသေးမီက အေအေ သောင်းကျန်းသူအဖွဲ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ခြင်းဟာ နိုင်ငံတော်အစိုးရရဲ့ အထူးအလေးထားဆောင်ရွက်လျက်ရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်တွေအပေါ် များစွာ ထိခိုက်စေပါတယ်။”

နိုင်ငံတော်အစိုးရအနေနဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပြီး နိုင်ငံတော်အတွင်း ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေးကို တပ်မတော်က တာဝန်ယူဆောင်ရွက်ရတာလို့ ဆိုပါတယ်။

အဲဒီအချက်အတွေကို အေအေအဖွဲ့က ထိပါးနှောင့်ယှက်ခဲ့တာကြောင့် နိုင်ငံတော်အစိုးရက သောင်းကျန်းသူ နှိမ်နင်းရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်ဖို့အတွက် တပ်မတော်ကို ညွှန်ကြားထားခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။

“နိုင်ငံတော်အစိုးရအနေနဲ့ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံဘေးကင်းစေ ရေးကို ထိပါးနှောင့်ယှက်တဲ့ လုပ်ဆောင်ချက်မှန်သမျှကို ထိရောက်တဲ့ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး (Effective Counter – insurgency Operations) ဆောင်ရွက်သွားမှာဖြစ်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013